ငါးသောင်းမှာ တစ်ယောက် ရှားရှားပါးပါးဖြစ်ခဲတဲ့ အရေပြားပါးလွှာရောဂါ (လိပ်ပြာအရေခွံ) ခံစားနေရရှာတဲ့ ခြောက်လသားကလေးငယ်

ပို့စ်တင်ချိန် - 5/16/2014 12:10:00 PM


အိန္ဒိယ အမျိုးသမီးတစ်ဦးကမွေးဖွားတဲ့ ကလေးငယ်လေးရဲ့ ရောဂါကထူးခြားပါတယ်။ မွေးဖွားတဲ့ ကလေး အယောက်ငါးသောင်းမှာ တစ်ယောက်သာထူးထူးခြားခြားဖြစ်ခဲတဲ့ အရေပြားပါးလွှာရောဂါ (လိပ်ပြာအရေခွံ) လို့ခေါ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေ ရရှာသတဲ့။ အသက် ၂၄ အရွယ်ရှိတဲ့ မိခင်ဖြစ်သူ ၀င်ဂတ်အီဒင်ဘရက် က သူမရဲ့ ကလေးငယ်လေးကို မွေးဖွားချိန်ကတည်းက ကလေးရဲ့ ခန္ဓာကိုယ်တစ်ချို့နေရာ တွေဖြစ်တဲ့ မေးစေ့၊ ပါးစပ် တို့မှာ မီးလောင်ဖုလို အနီရောင်အရေကြည်ဖုလေး တွေပါလာခဲ့တယ်။

 ဘေဘီလိန်းလို့ အမည်ပေးထားတဲ့ သူမရဲ့ သားလေးက အခုဆိုရင်ခြောက်လထဲကို ရောက်ရှိလာပြီဖြစ် သော်လည်းပဲ သူ့ရဲ့ ရောဂါအ ခြေအနေက ပျောက်ကင်းသက်သာဖို့ မဖြစ်နိုင်သေးပါဘူး။
မိခင်ဖြစ်တဲ့ အီဒင်ဘရက်က “ သားလေးက သိပ်မကြာသေးမီ အချိန်ကတော့ ပျော်ပျော်ရွှင်ရွှင်ကစားနေပါသေးတယ်။ ဒါပေမဲ့ အခုတစ်ပတ်ကျော် ကျော်လောက်ကစပြီး တစ်ခါတစ်ခါ သူ့ရဲ့အသားကို ကိုင်လိုက်ရင် နာလို့လားမသိဘူး။ အီပြီးတော့ ငိုပါတယ်။ ကျွန်မသိပါတယ် သူ့ရဲ့ ရောဂါအခြေအနေက ဆိုးလာပါပြီ ” လို့ရှင်းပြပါတယ်။

 ကလေးငယ်က အရွယ်တဖြည်းဖြည်းကြီးလာတဲ့အခါ သူ့ရဲ့ ရောဂါအခြေအနေကို ပိုပြီးတော့ဆိုးလာနိုင်ပါတယ်။ ရောဂါ ဒဏ်ကိုလည်း တော်တော် ခံစားရဦးမှာပါ။
အရေပြားကပါးလွှာတဲ့အတွက် ကိုယ်ခန္ဓာကြီးထွားလာတဲ့အခါ အရေပြားတွေကို နေရာဆန့်စုတ်ဖြဲလိုက်သလိုဖြစ်သွားတာရယ်၊ မီးလောင်ဖုလိုအနီရောင်အရည်ကြည် ဖုလေးတွေကလည်း အချိန်မရွေးပေါက်သွားတာရယ်ကြောင့်  အရေပြားတွေကအထိမ ခံနိုင်ဘဲ နာကျင်နေရတာပါ။ အမျိုးသားအရေပြားဆိုင်ရာရောဂါဌာနရဲ့မှတ်တမ်းမှာ လည်း အဲ့ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကုသမှုမျိုးမှမရှိနိုင်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ကလေးမိဘဖြစ်သူတွေကလည်း ပိုက်ဆံတတ်နိုင်ရင်တောင်မှ ဘယ်လိုမှ ကုသလို့မရတဲ့ ရောဂါခံစားနေရတဲ့ ကလေးငယ်အတွက် အရမ်းကို စိတ်ထိ ခိုက်နာကျင်နေရပါတယ်။ တကယ့်ကို ကြုံတောင့်ကြုံခဲဖြစ်တဲ့ရောဂါကို ခံစားနေရတဲ့ ကလေးငယ်ကလည်း ကံဆိုးရှာပါတယ်။

ဖိုးသူတော်