ရာဇာမင်းယာဉ်မောင်း လိုင်စင်ပိတ်သိမ်းခံကာလ အတွင်း တက်ရောက်မောင်းနှင် ခဲ့ ဟု စုံစမ်းပေါ်ပေါက်သဖြင့် ယင်းအား ရာသက်ပန် လိုင်စင် ပိတ်သိမ်း

ပို့စ်တင်ချိန် - 5/16/2014 06:24:00 PM


နေပြည်တော်၊ မေ ၁၅- မေ ၁၂ရက် ည၆နာရီ ၄၅မိနစ်က ၁၄ဦးသေဆုံး ပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့သည့် ရာဇာ မင်းမှန်လုံယာဉ် တိမ်းမှောက် ခဲ့မှုဖြစ် စဉ်တွင် အဆိုပါယာဉ်အားမောင်းနှင် သူမှာ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်း ခံရသူဖြစ်ကြောင်းသိရှိရပြီး ၎င်းအား ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူနိုင်ရေးဆောင်ရွက် ထားကြောင်း သိရသည်။

ရာဇာမင်းမှန်လုံယာဉ်၏ ယာဉ် မောင်းဦးမင်းခန့်(ခ) ထွန်းခန့်စိုးသည် ၂၀၁၁ခုနှစ် အောက်တိုဘာ၂၃ရက် တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့ နယ်အတွင်း ၎င်းမောင်းနှင်သော ယာဉ်ဖြင့် ဆလွန်းယာဉ်နှင့် လိုက်ထ ရပ်ယာဉ် တို့အားတိုက်မိခဲ့သဖြင့် ၎င်း ၏ယာဉ်မောင်းလိုင်စင်အမှတ် င/ ၁၃၀/၁၁အား သုံးနှစ်ပိတ်သိမ်းခံ ထားရသူဖြစ်ကြောင်း၊ ယခုဖြစ်စဉ် တွင် ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းခံထားရသည့်ကာလအတွင်း ယာဉ် မောင်း လိုင်စင်မရှိဘဲ ယာဉ်အားတက် ရောက်မောင်းနှင်ရာမှ ယာဉ်တိမ်း မှောက် မှုဖြစ်ပွားခဲ့ကာ လူအများသေ ဆုံး၊ ဒဏ်ရာရရှိစေခဲ့သဖြင့် ၎င်း၏ ယာဉ်မောင်း လိုင်စင်အား ရာသက်ပန် ပိတ်သိမ်းနိုင်ရေးအတွက် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး က ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြ ထားကြောင်း သိရသည်။

M N A
Yangon Media Group