ခွေးကိုက်ခံရတဲ့ ကလေးကို ကြောင်က ကယ်တင် (video)

ပို့စ်တင်ချိန် - 5/16/2014 12:09:00 PM


အသက် ၄ နှစ်အရွယ် ဂျယ်ရမီလေးဟာ စက်ဘီးစီးနေတုန်း ခွေးတကောင်က ဝင်ကိုက်ဆွဲတာကို သူ့အိမ်က သတ္တိခဲ ကြောင်က ဝင်ကယ်ဆယ်လိုက်တာကို စီစီတီဗွီ ကင်မရာက မှတ်တမ်းတင်ထားပါတယ်။

ကာလီဖိုးနီးယား ပြည်နယ် ဘိတ်ကာဖိးလ် အနောက်တောင်ပိုင်းမှာ အခုလို ဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး
ခွေးဟာ ကား ကို အကာအကွယ်ယူခြောင်းမြောင်းက ဂျယ်ရမီလေးကို ဝင်ကိုက်ပြီး ဆွဲခါကာ မြေကြီးပေါ် လှဲချပစ်လိုက်ပါတယ်။

ဒါကို တာရာ လို့ ခေါ်တဲ့ ဂျယ်ရမီတို့ အိမ်က ကြောင်က ဝင်ခုန်အုပ်ပြီး ခွေးကို တိုက်ခိုက်ကာ ဂျယ်ရမီလေး ကို ကယ်တင်လိုက်တာပါ။

ဒီအချိန် မိခင်ဖြစ်သူက အပြေးအလွှားရောက်လာခဲ့ပြီး ခွေးထပ်မလာအောင် ခြောက်လှန့်ခဲ့ရပါသေးတယ်။

ဒီစီစီတီဗွီမှတ်တမ်းကို ဂျယ်ရမီ ရဲ့ ဖခင် ရော်ဂျာက အွန်လိုင်းပေါ် တင်လိုက်ပြီး သူ့သားကို သူ့အိမ်က
ကြောင်က ကယ် တင် လိုက်တဲ့ အကြောင်း ညွှန်းဆိုရေးထားခဲ့တာပါ။

ဂျယ်ရမီကတော့ ခွေးကိုက်တဲ့ ဒဏ်ရာနဲ့ ဆေးကုသမှုတော့ ခံယူခဲ့ရပါတယ်။ သူ့ ကို ကိုက်တဲ့ ခွေးကတော့ အခု စောင့်ကြည့်ထိမ်းသိမ်းခံထားရပါတယ်။



အိမ့်သံစဉ် ~
Irrawaddy