လွှတ်တော်အမတ်နှင့် မြို့ဝင်ကြေးကောက်သူ အချင်းများ

ပို့စ်တင်ချိန် - 5/16/2014 09:46:00 AM



ရန်ကုန်၊ မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာ ပုံခရိုင်၊ ဒေးဒရဲ-ဖျာပုံ အဝေးပြေး လမ်းပေါ်ရှိ မြို့ဝင်ကြေး ကောက် ခံသူအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက မြို့ဝင်ကြေး ကောက်ခံမှုနှင့် ပတ်သက်၍ ပြဿနာဖြစ်ရာမှာ ရိုက်နှက်ခြင်းအထိ အချင်းများ ခဲ့ ကြောင်း ငွေကောက် ခံသူက မေ ၁၃ ရက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ အခင်းဖြစ်ပွားပုံမှာ ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ဖျာပုံ ဘက်မှ မောင်းနှင်လာသည့် ကား တစ်စီးအား ဘီးခွန် ကြေးကောက် ခံရာ၌ ဦးသိမ်းဆွေ ပြသည့် ဖြတ် ပိုင်းမှာ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဖြစ်နေကြောင်း၊ သို့သော် ၎င်း တို့ဘက်မှ ယင်းဖြတ်ပိုင်းမှာ ယနေ့ တွင် ဖြတ်ခဲ့သည့် ဖြတ်ပိုင်းဖြစ် ကြောင်းနှင့် ဂိတ်အား ဓာတ်ပုံ များ ရိုက်ယူ သည့်အတွက် မေးမြန်းခဲ့ကြောင်းရာမှ မည်သည့်အ တွက်ကြောင့် ရိုက်ယူပါသလဲ ဟု မေးမြန်းရာ ကတောက်က ဆဖြစ်ခဲ့ပြီး အဆိုပါကား ပြန်လည်မောင်း ထွက်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ ရိုက်နှက်ခံရသူ မောင်ဖြိုးဝေ အောင်က ““ကျွန်တော်တို့ ဂိတ် တဲကို ဓာတ်ပုံ တွေ ရိုက်တာနဲ့ ဘာကြောင့် ရိုက်တာလဲဆိုတော့ အဲဒီအမတ်က ကျွန်တော့်ကို လက်နဲ့ရွယ်ပြီး ရိုက်မယ်လုပ် တော့ ကျွန်တော့်အစ်ကို ရဲနိုင်က လူကြီးလူကောင်းမှန်ရင် လက်မပါရပါဘူး ဆိုတော့ ရဲတိုင်မယ်ဆိုပြီး ကားနဲ့ မောင်းထွက်သွားတယ်””ဟု အခင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းပြသည်။…

အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကိုယ်တိုင်မြင်တွေ့ခဲ့ ရသူ၊ အဆိုပါ ကားဂိတ်ရှေ့တွင် နေထိုင်သူ ဒေသခံဦးပုညိုက““အဲဒီနေ့က ဂိတ်တာဝန်ခံက ကျွန်တော့် အိမ်ကို ရောက်နေတယ်။ ခေါ်သံ ကြားလို့ ကျွန်တော်တို့ ထွက်လာတော့ ပြဿနာ ဖြစ်နေတာ သိတယ်။ ဘယ်သူမှန်းလဲ မသိ၊ ဘာဖြစ်မှန်းလဲ မသိဘူး။ အဲဒီ ပုဂ်္ဂိုလ်က ဓာတ်ပုံတွေရိုက်ပြီး ရဲ တိုင်မယ်ဆိုပြီး ထွက်သွားတာ။ နောက်တော့မှ လွှတ်တော်အမတ် ဦးသိမ်း ဆွေဆိုတာ သိရတယ်။ အဲဒီအချိန်မှာ ယူနီဖောင်းဝတ်ရဲ တွေရော၊ အရပ်ဝတ်ရဲတွေရော၊ ကျွန်တော်တို့လို ပတ်ဝန်းကျင်က လူတွေကော အများကြီးပဲ။ ရဲကို တိုင်မယ်ပြောပြီး ရဲရှေ့ရောက်မှ သူတို့ကိုရိုက်တာ။ ရဲတိုင်ပြီး ရင် ဥပဒေအတိုင်း လုပ်ပေါ့။ ဘာလို့ ဥပဒေမဲ့လုပ်တာလဲဗျာ””ဟု မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ NLD လွှတ်တော်ကိုယ်စား လှယ်ဦးသိမ်းဆွေက ““သူတို့ရေးတဲ့ ရက်စွဲက ပထမ ဆုံး စမှားတာပဲ။ နောက်ပြီး ခရာတွေလည်း ပါတယ်။ စကားပြောတာကလည်း မချေမငံနဲ့။ တာဝန်ခံကလည်း အားလုံးတဲ့။ တကယ်က တာဝန်ခံ ဆိုတာ တစ်ယောက်တည်းပါ။ ကျွန်တော့်ကို တခြားလူတွေက လည်း တိုင်ထားတာ အများကြီးပဲ။ စည်းမဲ့ကမ်းမဲ့ တောင်းခံနေတာ။ ခုလည်း ကျွန်တော် ပြေစာဖြတ် ထားပြီးသားကို နှစ်ခါတောင်းတယ်။ ဒါတောင် ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်၊ တခြားသူ တွေဆိုရင် မလွယ်ဘူး။ ဒါကြောင့် ကျွန်တော့်ကို တိုင်ကြမယ် ထင်တယ်။ ကျွန်တော့် လက်နဲ့ သူတို့ ကို မရိုက်ပါဘူး။ သူတို့ဂိတ်ကြေး ကောက်ဖို့ တင်ဒါအောင်တဲ့ ကိုပေါ် ထွန်းက ဆုံးမဟု ပြောသော်လည်း လက်ဖျားနဲ့ မထိပါ။ သူတို့ ဆရာ ကိုပေါ်ထွန်းကသာ ရိုက်နှက် ဆုံးမခြင်းသာဖြစ်တယ်။ တကယ် တော့ ကျွန်တော်တို့ပါတီဂုဏ်သိက္ခာ ကျဆင်းဖို့အတွက် တမင်ရည်ရွယ် ကာ မြို့နယ်အတွင်း လှည့်လည် ပြောကြားခြင်းသာ ဖြစ်ပါတယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အောင်မင်း (ဒလ)

myanmarthandawsint