ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်းသူတစ်ဦး ကိုယ်ပူရှိန်လွန်ကဲ၍ ဦးနှောက် သွေးကြောပြတ်ကာ သေဆုံး

ပို့စ်တင်ချိန် - 5/16/2014 02:16:00 AM


သတင်း၊ ကိုတိုးကြီး
စစ်ကိုင်း၊ မေ ၁၅

စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်း သူတစ်ဦးသည် မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က ကိုယ်ပူရှိန်လွန်ကဲကာ ဦးနှောက်သွေးကြောပြတ် ၍ သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကိုယ်ပူရှိန်လွန်ကဲ၍ ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့သည့် ကျောင်းသူမှာ ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ကျုံခ၀ံကျေးရွာမှ မနန်းအဲလှိုင်လှိုင် အသက်(၁၇)နှစ်(၁)လ၊ဆိုသူဖြစ်သည်။
သူမသည် စစ်ကိုင်းမြို့ ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ကျောင်းမှဖွင့်လှစ်သော (၃)နှစ် ဆရာအတတ်သင် သင်တန်း( ဒုတိယနှစ်)တန်းခွဲတက်ရောက်နေသည့် ကျောင်းသူတစ်ဦးဒဖြစ်သည်။
“ တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်းမှနေ စစ်ကိုင်းဆေးရုံကိုပို့ဆောင်တဲ့အခါ လမ်းမှာသေဆုံးသွား တာဖြစ်ပါတယ်…။ မှုခင်းဆရာဝန်ကြီးရဲ့ စစ်ဆေးချက်များအရတော့ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံး သွားရတာဖြစ်တယ်လို့ သိရပါတယ်..” ဟု မှုခင်းဆေးစာဌာနရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။
အဆိုပါ သေဆုံးသူ ကျောင်းသူလေး၏ ရုပ်အလောင်းအား ထိုနေ့ည ၁၀ နာရီခွဲက စစ်ကိုင်းဆေးရုံမှ ရွာ သစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်းသို့ ပြန်လည်သယ် ဆောင်လာခဲ့ပြီး မေလ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရွာသစ်ကြီးကျေးရွာသုသန်၌ ပို့ဆောင် သဂြိုလ်မည်ဖြစ်ကြောင်း ထိုကျောင်းရှိ ကျောင်းသားရေးရာဌာနမှ သိရှိရသည်။

ကိုတိုး ချင်းတွင်း