မင်္ဂလာနှစ်ပတ်လည်….

ပို့စ်တင်ချိန် - 5/16/2014 11:27:00 PM


တစ်ခါတုန်းက အသက် ၆၀ ကျော်အရွယ်ရှိတဲ့ စုံတွဲ တစ်တွဲဟာ သူတို့ ရဲ့  အနှစ် ၄၀ မြောက် မင်္ဂလာနှစ်ပတ်လည် အခမ်းအနားကို တိတ်ဆိတ်ပြီး ကဗျာဆန်တဲ့ စားသောက်ဆိုင်သေးသေးလေးတစ်ခုထဲမှာ ကျင်းပနေကြတယ်။ အဲဒီအချိန်မှာပဲ နတ်သမီးတစ်ပါးက သူတို့ ရဲ့  စားပွဲနားမှာ ရုတ်တရက်ပေါ်လာတယ်။

နတ်သမီး။           ။ မင်းတို့ တွေဟာ စံပြစုံတွဲဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဒီလောက်အကြာကြီးချစ်ခဲ့ကြတဲ့အတွက် ဒီနေ့ မင်းတို့ ရဲ့ ဆန္ဒ တစ်ခုကို ငါဖြည့်ဆည်းပေးမယ်။

ဇနီး။      ။ အိုး ကျွန်မသိပ်ချစ်ရတဲ့ ခင်ပွန်းနဲ့ ကမ္ဘာပတ်ပြီး ခရီးထွက်ချင်တယ်။

နတ်သမီးလေးက မှော်ကြိမ်လုံးကို ဝေ့ယမ်းလိုက်တဲ့အခါမှာတော့ ဇနီးဖြစ်သူရဲ့ လက်ထဲမှာ Queen Mary II ကို သွားရောက်လည်ပတ်ဖို့  လက်မှတ် ၂ စောင်ပေါ်လာတယ်။

ခင်ပွန်း။              ။ (ခဏ စဉ်းစားပြီးမှ) အင်း ခုချိန်က အရမ်းကို ကဗျာဆန်ပြီး ပျော်စရာကောင်းပေမယ့် ဒီလို အခွင့်အရေးကို နောက်ထပ် ရနိုင်တော့မှာမဟုတ်ဘူး။ အချစ်ရယ်.. ကိုယ့်ကိုခွင့်လွှတ်ပါနော်။ ကိုယ့်ရဲ့ ဆန္ဒကတော့ ကိုယ့်ထက် အသက် ၃၀ ငယ်တဲ့ ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ဖို့ ပါပဲ။

အဲဒီတော့ ဇနီးသည်နဲ့  နတ်သမီးက အရမ်းကို စိတ်ပျက်သွားတာပေါ့။ ဒါပေမယ့် ဆန္ဒကတော့ ဆန္ဒပဲပေါ့။ ဒါနဲ့ နတ်သမီးက မှော်ကြိမ်လုံးကို ဝေ့ယမ်းလိုက်တဲ့အခါမှာတော့………

ခင်ပွန်းဖြစ်သူက အသက် ၉၂ နှစ် အရွယ်ကို ရောက်သွားပါလေရောတဲ့။

 ပုံပြင်လေးကတော့ ရယ်စရာသက်သက်ပါပဲ။ မူရင်းပုံပြင်မှာပါတဲ့ သင်ခန်းစာကတော့ ယောက်ျားလေးများ သတိပြုရန်မှာ နတ်သမီးများသည် မိန်းမများဖြစ်သည် ဆိုတာကိုပါပဲ။

နောက်တစ်ခုအနေနဲ့ ကတော့ ကိုယ့်ရဲ့  ဇနီး၊ ကိုယ့်ရဲ့ ခင်ပွန်းကို တန်ဖိုးထားတတ်ဖို့ လိုအပ်သလို ပြုမူပြောဆိုတဲ့ အခါမှာ အချိန်အခါ၊ အခြေအနေရယ်ဘယ်သူနဲ့  ပြောနေတယ် ဆိုတာရယ်ကို သတိပြုပြီး ဘယ်လိုစကားများကို ပြောအပ်သလဲ၊ ဘယ်လိုစကားမျိုးကိုတော့ မပြောအပ်ဘူးလဲဆိုတာကို ဆင်ခြင်သုံးသပ်ဖို့ လည်း လိုအပ်ကြောင်းကိုလည်း ဒီပုံပြင်လေးက ထင်ဟပ်ပြသနေတယ်နော်။

အင်တာနက်မှ ဖတ်ရတဲ့ပုံပြင်လေးကို ဘာသာပြန်ဆိုခြင်းသာဖြစ်ပါတယ်။ မူရင်း အင်္ဂလိပ်လည်းထည့်ပေးထားပါတယ်။

စနိုး