နေအိမ်အတွင်း၌ခြေလက်များကိုကြိုးတုပ်ပြီး လုယက်ခံရသည်ဟု မမှန်မကန် လီဆယ်တိုင်တန်းစေသူအား တရားစွဲဆိုအရေးယူ

ပို့စ်တင်ချိန် - 5/16/2014 06:24:00 PM



ရန်ကုန်၊ မေ ၁၆

အမှုမှာ ၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက်နေ ဦးတင်ထွန်းသည် နေအိမ်မှအပြင်သို့
သွားနေခဲ့ပြီး ၀၈၀၀ အချိန်ခန့် ပြန်လာရောက်ရှိစဉ် နေအိမ်ဧည့်ခန်းရှိ
ဘီရိုတံခါးပွင့်နေကာ ဇနီးဖြစ်သူဒေါ်စန်းဝင်းအားမတွေ့သဖြင့်ရှာဖွေရာ
မီးဖိုချောင်အပေါက်တွင်ခြေလက်များကြိုးတုပ်ခံထားရပြီး လဲကျနေ
သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ဖြစ်စဉ်အားမေးမြန်းရာ ၀၇၃၀အချိန်ခန့်က ကလေးကစားသည့် အရုပ်မျက်နှာဖုံးစွပ်ထားသောလူတစ်ဦးမှ
ဇနီးဖြစ်သူအား ကြိုးတုပ်ထားခဲ့ခြင်းဖြစ်ကြောင်းကို သိရှိခဲ့ရကြောင်းနှင့်
ဘီဒိုအတွင်းမှ ငွေကျပ်သိန်း(၈၀)မှာပျောက်ဆုံး နေကြောင်းတွေ့ရှိရ
သဖြင့် စုံစမ်းအရေးယူပေးပါရန် ဦးတင်ထွန်းမှတိုင်တန်းခဲ့၍
ကျောက်တန်းမြို့မ ရဲစခန်း(ပ)၃၇/၂၀၁၄၊ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်လှစ်
ကာ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ဒေါ်စန်းဝင်းသည် ၎င်းနှင့်
ခင်မင်ရင်းနှီးသူ မကြည်လဲ့မှ ငွေကျပ်(၈၉၃၀၀၀၀)ခန့်ကို လိမ်လည်
ရယူသွားသဖြင့် မကြည်လဲ့အား ရဲများမှ ဖမ်းဆီးစေရန်ရည်ရွယ်၍
အခင်းဖြစ်နေ့က မိမိကိုယ်ကိုကြိုးဖြင့်တုပ်နှောင်ပြီး ဟန်ဆောင်
လီဆယ်ကာ ၎င်း၏ခင်ပွန်း ဦးတင်ထွန်းအား အမှုတိုင်ကြားစေခဲ့ခြင်း
ဖြစ်ကြောင်းနှင့် မကြည်လဲ့မှပြစ်မှုကျူးလွန်သကဲ့သို့ လုပ်ကြံဖန်တီးမှုများ
ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဥပဒေအကြံပြုချက်နှင့်အညီ အမှုအားပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။

ယင်းကဲ့သို့ မမှန်မကန်လီဆယ်တိုင်တန်းစေသူ ဒေါ်စန်းဝင်း၊ (၅၇)နှစ်၊ (ဘ)ဦးတင်ကြိုင်အား ၁၄.၅.၂၀၁၄ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်း
အမှုသေးအမှတ်စဉ် (၇၁/၂၀၁၄)ဖြင့် ကျောက်တန်းမြို့နယ်တရားရုံးသို့ တရားစွဲဆိုထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police