လားရှိုး မြို့ရှိ ကမ္ဘာဇ ဘဏ်(၁)နှင့် C B ဘဏ် များ တွင် ပေါက်ကွဲမှုဖြစ်ပွား

ပို့စ်တင်ချိန် - 5/16/2014 11:40:00 AM




လားရှိုး မေ ၁၆

လားရှိုးမြို့ တွင် မေ ၁၆ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်က မိနစ်အနည်ငယ်ကွာခြားလျက် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်(၁) အောက်ဘက် ဝင်ပေါက်အနီးတွင် ပေါက်ကွဲမှုကြောင့် ပြူတင်းပေါက်မှ မှန်များအားလုံး ကွဲကြေခဲ့ပြီး ရပ်ကွက်(၂) စံကောင်းလမ်းနှင့် သိန်းနီ လမ်းထောင့်ရှိ သမဝါယမဘဏ် အဆောက်အဦး ဘေးကပ်လျက်ရှိသည့် (၁၁/၀.၄)ကေဗွီ (၁၆၀)ကေဗွီအေ ထရန်စဖော်မာ (၂) တိုင်စင်အောက် အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၄င်း ထရန်စဖော်မာတွင် တပ်ဆင်ထားသည့် 400 V Panel, Cap actior Bank နှင့် မီတာအမှတ် (XS -050483) (200/5) Aစီတီမီတာများ ကွဲကြေပျက်စီးသွားခဲ့ပြီး ဘဏ်နှင့်ကပ်လျှက် ဝင်းကားပစ္စည်းဆိုင် အလှကပ်မှန်များ ကွဲကြေခဲ့ကာ လူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

kbz နှင့် cb bank ဆက်စပ်သတင်းများ