နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်နေသည့် Asia Express ငွေမပေးချေဟု ကုန်ကြမ်းလုပ်ငန်းရှင်များပြော

ပို့စ်တင်ချိန် - 5/16/2014 09:50:00 AM



ရန်ကုန်၊ မေ ၁၄

နိုင်ငံတော်ဧည့်ဂေဟာ စီမံကိန်းအတွက် နေပြည်တော်၊ ဒကိ္ခဏသီရိမြို့နယ်၌ Asia Express ကုမ္ပဏီ မှ ဆောက်လုပ်ရာတွင် ၎င်းကုမ္ပဏီမှ အုတ်၊ သဲကျောက်၊ သစ်၏ တန်ဖိုးငွေ ပေးချေမှုများ ကြန့်ကြာ လျက်ရှိ သည်ဟု နေပြည်တော်ရှိ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ် သူများက မေ ၁၄ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြော သည်။ ယင်းစီမံကိန်းကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ခဲ့ခြင်းဖြစ် သည်။ လုပ်ငန်းအတွက် လိုအပ် သော အုတ်၊ သဲ၊ ကျောက် တန်ဖိုးငွေများ ကို နှစ်ပတ်ဆိုင်းဖြင့် ပေး သွင်းရန် နေပြည်တော်ရှိ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ် သူများကို ကမ်းလှမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ၈ လ ပိုင်းမှ စ၍ ယနေ့အထိ ငွေအကျေ ပေးချေမှု မရှိခဲ့ခြင်းဖြစ်သည်။

ငွေပေးချေမှု ကြန့်ကြာခြင်း နှင့်ပတ်သက်၍ နေပြည်တော်၊ လယ်ဝေးမြို့ ရွှေနှင်းဆီ အုတ်သဲ ကျောက်ရောင်း ၀ယ်ရေးဆိုင်ရှင် ဦးအောင်ဝင်းက ““ ကျွန်တော်တို့ကို Asia Express ကုမ္ပဏီက လုပ်ငန်းလုပ်ဖို့ ကမ်းလှမ်း လာတယ်။ အဲဒါနဲ့ ကျွန်တော်တို့ လုပ်ငန်းစ တယ်။ ပထမကတော့ ငွေပေးတယ်။ ၈ လပိုင်းက စပြီး မပေးတော့ တာ။ ကျွန်တော်ရမှာက သိန်းနှစ်ရာ့ငါး ဆယ့်နှစ်သောင်းကျော်။ သက်ဆိုင် ရာကို တိုင်မယ်ဆိုတော့ ငွေသိန်း ၅၀ပဲ­ပေးတယ်။ သူတို့က နှစ်ပတ် နဲ့ ငွေရှင်းပေးပါ့မယ်ဆိုပြီး အခုမရ ဘူး””ဟု ပြောသည်။…

Asia Express ကုမ္ပဏီမှ ငွေပေးချေမှုမရှိသဖြင့် မိမိတို့အနေ ဖြင့် နိုင်ငံတော်သမ္မတ၊ ပြည်ထောင် စုအစိုးရ အဖွဲ့ရုံး၊ ပြည်ထဲရေးဝန်ကြီး ရုံး၊ စီမံ/စီးပွားဝန်ကြီးရုံးနှင့်နေပြည်တော် ကောင်စီရုံးများသို့ တိုင်ကြား စာများ ပေးပို့ထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိဟု နေ ပြည်တော်ရှိ အုတ်၊ သဲ၊ ကျောက် ၀ယ်ရောင်းဖြစ်သူ ဦးအောင်အောင်က ပြောသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ Asia Express ကုမ္ပဏီမှ ငွေစာရင်းမန်နေဂျာ ဒေါ်သီသီရှိန် က ““လော လောဆယ် ပြောလို့ရ တာကတော့ ကုန်သည်တွေကို အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောထားတယ်။ အစ်မကတော့ သူတို့ကို အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောထားပြီးသွားပြီ။ အစ်မနဲ့ သူတို့တွေနဲ့ အဆင် ပြေမှု ရသွား ပြီ။ ၁၆ ရက်မှာငွေပေးမယ်။ အဆင် ပြေအောင် လုပ်ပေးမယ်လို့ပြောပြီး သွားပြီ””ဟု ၎င်းက ပြော သည်။

Asia Express ကုမ္ပဏီမှာ နိုင်ငံတော်မှပိုင်ဆိုင်သည့် ပုလဲကွန်ဒို တိုက်အမှတ်(E)အတွက် မိမိသဘောဖြင့် တိုက်ခန်းပေါင်း ၁၀၀ ကျော်အား ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ဖြင့် ရောင်းချခဲ့ပြီး ယင်း အနက်မှ ကျပ်သိန်း ၅၀၀၀ ကျော် အားပေးသွင်းပြီး ကျန်ငွေသိန်းပေါင်း ၂၆၀၀၀ အား ပြန်လည်မပေးသွင်း ဟုဆိုကာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း၌ ထည့်သွင်း ပြောဆို ခဲ့ဖူးသည်။

သို့သော် Asia Express အနေ ဖြင့် စာချုပ်အတွင်း မပါဝင်သည့် ကုန်ကျစရိတ်များ စိုက်ထုတ်ခဲ့ရခြင်း၊ လုပ်ငန်း အကောင်အထည် ဖော်ပြီး ရသင့်သည့် အကျိုးအမြတ် များအပြည့်မရသည့်အတွက် နိုင်ငံတော်သို့ နစ်နာ ကြောင်းတင်ပြခဲ့ ရာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ဦးဆောင်သည့် မြို့တော်အိမ်ရာ   စီမံကိန်းကြီး ကြပ်ကွပ် ကဲမှု ကော်မတီမှ ယင်းပုလဲကွန်ဒိုတိုက်အမှတ် (E) အား Asia Express သို့ ပေးအပ်ခဲ့သည်။

မြန်မာသံတော်ဆင့်