ဗာရာဏသီမှ သေမင်းမျှော် ဟိုတယ်များ လူပြည့်နေ

ပို့စ်တင်ချိန် - 12/06/2013 07:23:00 PM


ဒီဇင်ဘာ ၆။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာပရာဒက်ခ်ျပြည်နယ် ဗာယာဏသီမြို့မှ ဟိုတယ်အိုကြီးများတွင် သက်အိုးရွယ်အိုများသည် သူတို့၏ ခေါင်းခါရာ အရပ်အဖြစ် ရွေးချယ်ကာ သေဆုံးမည့်အချိန်ကို တည်းခိုစောင့်ဆိုင်းနေကြသည်။

ဟိန္ဒူဘာသာဝင် တို့၏ ကိုယ်ကွယ်ယုံကြည်မှုအရ ဗာရာဏသီသည် ဘ၀ကူးချိန်တွင် ကယ်တင်ခြင်းသို့ ၀င်ရောက်ရန် မုခ်ဦးပေါက်
တစ်ခုသဖွယ် ခံယူထားကြသူများစွာရှိသည်။

လွန်ခဲ့သော ရာစုနှစ် များစွာကတည်းက ထွန်းကားခဲ့သော ယင်းယုံကြည့်ချက်အပေါ် မပြောင်းမလဲ ခံယူထားဆဲ ဖြစ်သော သက်ကြီးရွယ်အို အဘိုး၊အဘွားအိုတို့သည် ကာရှီဟုခေါ်သည့် ဗာရာဏသီသို့လာရောက်ကာ ဈေးသက်သာသည့် ဟိုတယ်အိုကြီးများတွင် တည်းခိုးရင်း ဘ၀နောက်ဆုံးအချိန်ကို စောင့်ဆိုင်းလျက် ရှိကြသည်။

သူတို့က ဗာရာဏသီတွင် သေဆုံးခဲ့လျှင် သံသရာစက်ဝန်း
ပြတ်ဆဲသွားမည်။ ယင်းအရပ်တွင် သေဆုံးသူသည် တဖန်ပြန်လည် မမွေးဖွားနိုင်တော့သည့်အတွက် ကယ်တင်ခြင်း ခံရမည်ဟု ယူဆယုံကြည်ထားကြသည်။

၁၉၂၀ခုနှစ်များကတည်းက တည်ဆောက်ထားခဲ့သော ကယ်တင်းခြင်း အိမ်တော် မိုခ်ရှာဘ၀မ်အမည်ရှိ ဟိုတယ်အို တစ်လုံးသည်လည်း
သေမင်းကို မျှော်လင့်နေသူများ နေထိုင်ရာ ဟိုတယ်တစ်လုံး ဖြစ်သည်။

အသက်ရှစ်ဆယ်အရွယ် မန်ဘူတရီပါသီဆိုသည့် အဘိုးအိုက သူသည် လွန်ခဲ့သော ၁၇နှစ်ကတည်းက မိုခ်ရှာဘ၀မ်တွင် နေထိုင်နေခဲ့ကြောင်း၊ အသစ်တဖန် ပြန်လည်မွေးဖွားခြင်း မရှိနိုင်တော့သော ထွက်ခွာမှုမျိုးဖြင့် ကမ္ဘာလောကကြီးမှ အပြီးတိုင် နှုတ်ဆက်ထွက်ခွာရန် စောင့်ဆိုင်နေခြင်း
ဖြစ်ကြောင်းဆိုသည်။ အဘိုးအို မန်ဘူတရီပါသီကို သူ၏ သားများက လစဉ် ငွေများ ပုံမှန်ပို့ပေးနေပြီး သူတို့ကို မတွေ့ရတော့သည်မှာ ၁၀နှစ်ကျော်ပြီ ဖြစ်သည်ဟု ဆိုသည်။

မန်ဘူတရီပါသီတွင် ဘ၀နေ၀င်ချိန်ကို စောင့်ဆိုင်းနေသူပေါင်း ၃၀၀ကျော်ရှိပြီး အများစုမှာ အသက် ၆၀ကျော်ဖြစ်သည်။ သူတို့၏ဘ၀ကို ဤနေရာတွင် အဆုံးလာသတ်ကြခြင်းဖြစ်ကြောင်း ဟိုတယ်မန်နေဂျာ မန်နစ်ပန်ဒီ အသက် ၄၃နှစ်က ဆိုသည်။ ဟိုတယ်တွင် လူတစ်ဦးသေဆုံးသည့်အခါတိုင်း ပူဆွေးငိုကြွေးခြင်းများ
မပြုကြဘဲ ဆုတောင်းပွဲများဖြင့်သာ ဈာပနလုပ်လေ့ရှိသည်။

မိုခ်ရှာဘ၀မ်တွင် တည်ခိုးခနှင့် လျှပ်စစ်မီးသုံးခများမှာ မဆိုသလောက်သာယူပြီး မည်သူ့ကိုမျှ လာရောက်နေထိုင်ရန် တိုက်တွန်းခြင်းမရှိ၊ ကာယကံရှင်၏ သဘောအတိုင်းသာ
ဖြည့်ဆည်းပေးလျက်ရှိသည်။

Ref: Al jazeera
The Myanma Age