လူတစ်ယောက်ရဲ့စိတ်ဓါတ်ကိုတွက်ချက်ခြင်း - ( မှန်တယ်ဗျ တွက်ကြည့်ပါလား )

ပို့စ်တင်ချိန် - 12/06/2013 11:15:00 AM





လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သိမှအဲဒီလူဟာဘယ်လိုလူမျိုးလည်း သူဟာကိုယ်နဲ့

သင့်တော်တဲ့သူ ဟုတ်မဟုတ်ဆိုတာကို ခန့်မှန်းကြည့်လို့ရမယ်လေ.......

တွက်ကြည့်ကြည့်ပါနော်...အကုန်လုံးမမှန်ရင်တောင်မှအကြမ်းအားဖြင့်သိနိင်တာပေါ။ကျနော်ကတော့နဖူးတည့်တည့်မှန်လို့သယ်၇င်းတို့ကိုမျှဝေလိုက်ပါတယ်

အပျင်းလည်းပြေ ...ပျော်စရာလည်းကောင်းမယ် ထင်ပါတယ်....

ကိုယ့်ကိုကိုယ်လည်း တွက်ကြည့်လို့ရသလို သူများကိုလည်းတွက်ကြည့်လို့ရပါတယ်

မွေးနေ့ မွေးနံတွေသိမယ်ဆိုရင်ပေါ့...ကိုယ့်ချစ်သူဟာဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဆိုကိုအားလုံးနီးပါးသိချင်ကြပါလိမ့်မယ်..

....တွက်နည်းကတော့.....

အမည်

ဗေဒင်သချာင်္

မွေးနံသချာင်္



အ၊ ဥ၊သြ ၁ တနင်္ဂနွေ

က၊ခ၊ဂ၊ဃ၊င ၂ တနင်္လာ

စ၊ဆ၊ဇ၊စ်၊ည  ၃အဂၤါ

ယ၊ရ၊လ၊၀ ၄ဗုဒၶဟူး

ပ၊ဖ၊ဗ၊ဘ၊မ ၅ၾကာသပေတး

သ၊ဟ ၆ေသာၾကာ

ထ၊တ၊ဒ၊ဓ၊န ၇ စေန





၁။ သူ့ရဲ့ မြန်မာမွေးသက္ကရာဇ်- ၂။မွေးနံဂဏန်း -

၂ခုပေါင်း ၇ နဲ့စား ရလာတဲ့အကြွင်းကိုကြည့်ပါသူ့ရဲ့စိတ်နေစိတ်ထားကိုသိရပါလိမ့်မယ်......



မြန်မာမွေးသက္ကရာဇ်ကနည်းနည်းပြသနာရှိနိင်ပါတယ်။ဒါကြောင့်...မြန်မာသက္ကရာဇ်ကိုရေးသားဖော်ပြပေးပါ့မယ်

အားလုံးမဖော်ပြပေးနိင်တာကိုတောင်းပန်ပါတယ်။အများစုအတွက်အဆင်ပြေမယ့်သက္ကရာဇ်တွေကိုဖော်ပြပေးတာဖြစ်ပါတယ်.....



မြန်မာသက္ကရာဇ်

အင်္ဂလိပ်သက္ကရာဇ်



၁၃၄၁ 17.4.79 မှ 15.4.80

၁၃၄၂ 16.4.80 မှ 15.4.81

၁၃၄၃ 17.4.81 မှ 16.4.82

၁၃၄၄ 17.4.82 မှ 16.4.83

၁၃၄၅ 17.4.83 မှ 15.4.84

၁၃၄၆ 16.4.84 မှ 15.4.85

၁၃၄၇ 17.4.85 မှ 16.4.86

၁၃၄၈ 17.4.86 မှ 16.4.87

၁၃၄၉ 17.4.87 မှ 15.4.88

၁၃၅၀ 16.4.88 မှ 15.4.89

၁၃၅၁ 17.4.89 မှ 16.4.90

၁၃၅၂ 17.4.90 မှ 16.4.91

၁၃၅၃ 17.4.91 မှ 15.4.92

1354    16.4.92 မှ 15.4.93

*( ၀ ) ကြွင်း လောဘ*

လိုချင်စိတ်များတယ်။ရတာနဲ့မတင်းတိမ်နိင်ဘူး။ ရောင့်ရဲတဲ့စိတ်မရှိဘူး။

ရောက်နေတဲ့နေရာ ဘ၀မှာ မပျော်ပိုက်ဘူး။ဒီထက်သာတဲ့ဘ၀ကို လိုလားနေတဲ့သဘာဝ ရှိတယ်။တစ်ခု မပြီးခင်နောက်တစ်ခုလုပ်။

လောကကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်လိုတဲ့ဗီဇရှိနေတယ်။ နောက်လိုက်မလုပ်ချင်ဘူး။ကိုယ်ရယူပိုင်ဆိုင်ဖို့ဆို ဘယ်နည်းနဲ့မဆိုရအောင်ယူရမှကျေနပ်အားရမယ့်သူ။ ရပြီးရင်လည်း ထပ်ထပ်ပြီးလိုချင်နေတာ။ တစ်စုံတစ်ခုရဖို့ဆို

လိုချင်စိတ်က ဦးဆောင်ပြီး ဘာလုပ်ရလုပ်ရ ၀န်မလေးဘူး။ ချမ်းသာလိုတယ်။ ကြွယ်ဝလိုတယ်။ ချမ်းသာခြင်းကိုလည်း ရမှာပဲ။

ဒါပေမဲ့ တရားသဖြင့် လုပ်ခြင်းလား ၊မတရားသဖြင့်လား ၊ တရားဝင်လား ၊တရားမ၀င်လား သူစဉ်းစားမှာမဟုတ်လို့

တစ်နေ့ဒုက္ခတွေ့မှာပဲ။ ဘယ်သို့ဆိုစေသူကတော့ ဘ၀ကိုရည်မှန်းချက်ကြီးကြီးနဲ့ဖြတ်သန်းမယ့်သူပေါ့..။သူတစ်ပါးမှာရှိတာထက်

လိုချင်စိတ်ထက် မြင့်မားတဲ့စိတ်ကရှိနေတော့ လူတော်တွေ ဖြစ်လာတတ်တယ်။ ဒီစိတ်ကလေးကို လျှော့သွားအောင် စည်းစနစ်တကျ

သုံးသွားနိင်အောင် ထိန်းပေးနိင်ရင်တော့ ဒိတ်ဒိတ်ကြဲ လူသားတစ်ယောက် ဘ၀ကိုပိုင်ဆိုင်မှာသေချာပါတယ်။



*(၁) ကြွင်း ဒေါသ*

စိတ်ကြီးတယ်။ မဟုတ်မခံစိတ်ရှိတယ်။ မတော်မတရားမြင်ရင် ကိုယ့်ကိစ္စ မဟုတ်ရင်တောင်ဝင်ပြီးပါဖို့ပြောဖို့ ၀န်မလေးဘူး။

အလိုလိုဘေးက ဒေါသထွက်နေတာ။ စိတ်တို ဒေါသထွက်ရင်လည်း အန္တရယ်မကြောက်။ပြောပစ်လုပ်ပစ်တတ်တဲ့သူပေါ့။

ဒီသဘာဝရှိတဲ့ သူ့နှလုံးသားကဖြူစင်လွန်းတယ်။ကိုယ်ကလည်းသူတစ်ပါးကို ထိခိုက်အောင်

ဘယ်သောအခါမှ စပြီးမလုပ်ဘူး သန့်သန့်လေး ပြောတတ် နေတတ်တာ။ လာစော်ကားပြီလာငြိပြီဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ်အထိ

လိုက်မယ်ဆိုတဲ့သူ့သဘာဝကို ပြတော့တာပဲ။ ပင်ကိုယ်စိတ်ကောင်းရှိတယ်။ သူတစ်ပါးကိုပေးရမလား ကျွေးရမလား

ထိပ်ဆုံးကပေါ့။ ဒါပေမဲ့ ဒီစိတ်မြန် ဒေါသထွက်တတ်တာကြောင့် အမြဲ ရန်သူတွေရင်ဆိုင်နေရတတ်တယ်။ စိတ်မြန်ပုံ

က ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကို ကန်ထုတ် ဖိနပ်နဲ့ရန်ဖြစ်ပြီး ဖိနပ်မပါဘဲလမ်းလျှောက်တဲ့သူမျိုးပေါ့။

ကိုယ့်ကို စော်ကားလာတဲ့သူကို ဘယ်တော့မှ ခွင့်မလွတ်ဘူး။ဖြစ်ခဲ့တာတွေခံစားခဲ့တာတွေ စော်ကားခံရတာတွေကို

တနုံနုံ တွေးပြီး အံတကြိတ်ကြိတ် နဲ့စိတ်ပေါက် ကြိတ်မနိင် ခဲမရ ဒေါပွနေတတ်တယ်။အဲဒီ ဒေါသကို ထိန်းနိင်တဲ့နေ့ဟာ

သူချမ်းသာကြီးပွါးတဲ့လမ်းပေါ်စရောက်တဲ့ နေ့ပဲ။ ဘယ်သို့ဆိုစေ " လူဖြောင့်စိတ်တို"စကားလေးကို မမေ့နဲ့နော်။

အလွန်ရိုးဖြောင့်တဲ့သူပေါ့။

*(၂) ကြွင်း မောဟ*



သိပ်တွေဝေတတ်တာပဲ။ ဆုံးဖြတ်ချက် တစ်ခုကိုဘယ်တော့မှ ခိုင်ခိုင်မာမာမချနိုင်ဘူး။သိပ်မေ့တတ်တယ်။

အရာရာကိုမေ့လျော့နေတတ်တယ်။ တစ်ခါတလေဆို ငေါင်တောင်တောင်နဲ့မှိုင်တွေချပြီးငေးမောနေတတ်တယ်။

သီးသန့်နေလိုစိတ် ပြင်းထန်တယ်။ပြဿနာတစ်ခုနဲ့ တွေ့လာရင်လည်း တစ်ယောက်တည်းမဖြေရှင်းနိုင်ဘူး။

မြွေမသေ တုတ်မကျိုး လုပ်တတ်တယ်။ အလွန်တော်တဲ့ ဖြန်ဖြေရေးသမား။ကြားဝင်ဖြေရှင်းပေးရမယ်ဆို နှစ်ဖက်

နှစ်ခွသူပဲမြင်တတ်တယ်။ အပြောအေးအေးလေးနဲ့ ကျလောက်အောင် ပြောတတ်တယ်။ သူ့ရဲ့ရိုးပုံအေးပုံကြောင့်

သူတစ်ပါးကသူ့ကိုသိပ်ခင်မယ်။ သူကတော့ ရောက်တဲ့နေရာမှာပျော်အောင်နေမယ်။ပြဿနာတွေအခက်အခဲတွေ

ရင်ဆိုင်နေရရင်တောင် ဒါတွေမေ့လျော့ပြီးကိုယ်လုပ်ချင်တာ လုပ်နေတတ်တယ်။ ဒါကြောင့်ဘာမှလေးလေးနက်နက်

မရှိဘူးလို့ ထင်ခံရတတ်တယ်။စကားသာကျလောက်အောင် ပြောတာ။ တစ်ခါတလေ ရှေ့နောက်မညီ

ပြောပြီးတာတွေမေ့နေတတ်ပြန်ရော စိတ်ဓာတ် တက်လွယ် ကျလွယ်တယ်။ အရာရာ မပြတ်သား တွေဝေ

နှောင့်နှေးလွန်းလို့ ဘ၀ အခွင့်အရေးတွေ မကြာခဏ လက်တစ်လုံးခြားဆုံးရှုံးတတ်ပါတယ်။ သူ့အပေါ်မှာ

နှိမ်နင်းပဲ့ထိန်းပေးတဲ့သူရှိမှ ဘ၀မှာ ဟန်ကျမှာ နောက်က တစ်ချိန်လုံး လိုက်ပြောနေမှ တန်ရုံကျမှာ အပြောခံရလို့

စိတ်ဆိုးမှာမပူနဲ့ ။ သူကမှတ်ထားမှာမဟုတ်ဘူး။





*(၃) ကြွင်း မေတ္တာ*

မေတ္တာသမားကြီးပေါ့ အားနာတတ်တယ်။ ယုံစားတတ်တယ်။ သူတစ်ပါးပေါ်မှာနားလည်ခွင့်လွတ်တတ်တယ်။

သည်းခံစိတ်ရှိတဲ့နေရာမှာတော့ နှစ်ယောက်မရှိဘူးပဲ သြချလောက်ပါရဲ့။ အရာရာကိုရင်ဆိုင်ရဲတယ် လူသားအားလုံး

အပေါ်လေးလေးစားစား ဆက်ဆံတယ်။ ကိုယ့်ကိုကိုယ် အမြဲနှိမ့်ချပြီး နေတတ်တယ်။အနေရိုးပေမယ့်သွားအထင်မသေး

နဲ့နော် သူ့မှာ ခင်တဲ့သူတွေသိပ်ပေါတာ။ လမ်းဘေးဂျပိုးလူမိုက်ပအစ တကယ့်လုပ်ငန်းရှင်ကြီးတွေ အထိ သူ့ကိုခင်ကြ

တယ်။ အရေးအကြောင်းဆို ကူညီကြဖို့ အသင့်ပဲ။ မြင့်မြတ်တဲ့ စိတ်သဘောထားအပေါ်လူတိုင်းကအသိအမှတ်ပြုပြီး

နေရာပေးဆက်ဆံတတ်တယ်။ ရန်သူအပေါ်တောင် မေတ္တာထားတတ်လွန်းတဲ့ သူ့အပေါ်ဘေးလူတွေကနားမလည်

အားမလို အားမရ ဖြစ်နေကြမယ်။ ဒါပေမဲ့ အဆုံးမှာ ရန်သူကို မေတ္တာ နဲ့စည်းရုံး

အောင်မြင်သွားမည်။စိတ်သဘောထားကြီးမြတ်တယ်။ မဟုတ်တာ မလုပ်ဘူး။ လူတိုင်းအပေါ်တစ်စုံတစ်ရာ

တန်ဖိုးထားလေးစားတဲ့စိတ်နဲ့ ဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး။ လက်တွေ့ဆန်တယ်။ အေးအေးချမ်းချမ်း နေချင်တယ်။ အချစ်မေတ္တာပေါ်လေးလေးနက်နက်သဘောထားတယ်။ အခက်အလဲကိုရင်ဆိုင်ရင်တောင် မေတ္တာရှေ့ထားပြီး အောင်မြင်မှု

ကိုရယူတယ်။ အားလုံးသိပြီးသားပါ။ အောင်ခြင်းလေးပါး ဆိုတာကိုအရှင်ဗုဒ္ဗမြတ်စွာဘုရားကမေတ္တာနဲ့အောင်မြင်ခဲ့တာကိုလေ။



*(၄) ကြွင်း ကရုဏာ*

ရင်ထဲမှာ စာနာတတ် ခံစားတတ် ကြင်နာတတ်တဲ့စိတ်ကအပြည့်ရှိနေတယ်။သိပ်ပြီးကိုယ်ချင်းစာနာတတ်တယ်။

ချစ်သူခင်သူတွေကိုဖြစ်ဖြစ် သတ္တ၀ါတွေကိုပဲဖြစ်ဖြစ် " သနားပါတယ်နော်" ဆိုပြီးစာနာစိတ်လေးနဲ့ ကူညီလိုတဲ့စိတ်

အမြ့သူ့ရင်ထဲမှာ ရှိနေတဲ့ သူပေါ့။သနားအောင် ပြောပြရင် ဘယ်လောက် စိတ်တိုနေနေခွင့်လွတ်တတ်တယ်။ စိတ်

ဆိုးလည်းခဏပဲ ။ကရုဏာသမားမို့ရန်သူကိုတောင်သနားတတ်တယ်။ သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ ပင်ပန်း

လိုက်တာလို့တောင် ကရုဏာသက်ပြီး နေတတ်တယ်။ ဒါပေမဲ့ သူတို့က သူတစ်ပါးအပေါ်ကရုဏာထားတတ်သလို

သူတို့ကို ဂရုစိုက်မှလည်းကျေနပ်တတ်တယ်။ဂရုမစိုက်ဘူး အလေးမထားဘူးသူ့ကိုနေရာမထားဘူး အချစ်ပေါ့တယ်လို့

ထင်ရင် စိတ်ကောက်ပြီး ၀ုန်းဒိုင်းကြဲ အရွဲ့ တိုက်တတ်တယ်။ဝမ်းနည်းပြီးတဇွတ်ထိုးလုပ်တယ်။ငါက ကောင်းသလောက်

ငါ့ကိုဂရုမစိုက်ဘူးဆိုတဲ့စိတ်ဝင်ပြီးဝမ်းနည်းဒေါသထွက်တယ်။မြန်မြန်ချော့လိုက်ပါ သူကရုဏာထားသလိုသူ့ကို

ဂရုစိုက်မှလည်းကျေနပ်တယ်။လူပုံစံ စတိုင် ဟန်ပန်ကအစပြုမူပြောဆိုပုံကိုကြည့်လိုက်ရင် မာကျစ်ကျစ် ဘုဂွပြော

မသနားတတ်တဲ့ ကြင်နာစိတ်ခေါင်းပါးတဲ့သူလို အပြင်သဏ္ဌာန်မှာ ပေါ်နေတယ်။တကယ်အတွင်းစိတ်ရင်ထဲမှာ ကရုဏာ

အပြည့်ရှိနေတယ်။ ကရုဏာကြီးတဲ့ အိုက်တင်လုပ်သူတွေနဲ့တော့ တခြားစီပေါ့ဒသူ့သဘောသဘာဝ သူ့မနောကိုသိတဲ့

သူတွေက သူ့ကိုလေးလေးစားစား ရှိပြီး ကရုဏာကြီးသူဖြစ်လို့ သူ့ကရုဏာရိပ်ခိုဝင်တယ်။ ဦးဆောင်သူတွေ

ဆရာတွေ သမားတော်တွေ အများစုဟာ ကရုဏာရှင်သမားတွေပဲပေါ့။



*(၅) ကြွင်း မုဒိတာ*

မုဒိတာတရား လက်ကိုင်ထားနိင်တဲ့ လူမျိုးဟာရှားပါးလှပါတယ်။ သူကတော့ရှားရှားပါးပါး ထဲမှ သူတစ်ယောက်မို့

လူထောင်သောင်းမှာတစ်ယောက်တွေ့ခဲလှတဲ့မုဒိတာပွားနိင်သူပေါ့။ သူတစ်ပါးအောင်မြင်တာ ချမ်းသာကြွယ်ဝတာထွန်း

ပေါက်ဖြစ်တာ နာမည်ကြီးတာ ငွေရတာ အလုပ်တိုးတက်တာ တွေကို တွေ့ရင် ကိုယ်တိုင်ပဲဒါတွေရသလို ခံစားဝမ်းမြောက်ပီတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့သူမျိုးကမ္ဘာမှာရှားပါတယ်။ဒီမုဒိတာ စိတ် သူ့မှာအပြည့် မနာလိုဝန်တိုစိတ်မရှိဘူး

အတင်းအဖျင်းမပြောတတ်ဘူး။ မြင့်မြတ်တဲ့စိတ်ရှိတယ်။ အရာရာ ရင်ထဲမှာ ခံစားပြီးမှပြောတတ် လုပ်တတ်တယ်။ မှန်ကန်မြင့်မြတ်တဲ့ စိတ်ကြောင့် ကြီးပွားထိပ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကိုဝေဖန်တိုက်ခိုက်တာ သူတစ်ပါး အပေါ်ငယ်ကျိုးငယ်နာဖော်ပြီး

ဒုက္ခပေးတာမျိုးကိုလုံးဝမုန်းတီးတယ်။ ကိုယ်ကလည်းမလုပ်ဘူး။ လုပ်ရပ်တွေကိုလည်းလက်မခံ ရှောင်ရှားတယ်။ တစ်ပါးသူ အားနည်းချက်အားသာချက်တွေကို ထုတ်ဖော်ချီးကျူးပြီးကောင်းတဲ့ အပြုသဘော အကြံပေးမှု လေးတွေကြောင့်

ဝန်တိုစိတ်ကင်းလို့သူ့ကို ချစ်ခင်သူပေါတယ်။မနာလို သ၀န်တိုစိတ်မရှိဘဲ တစ်ပါးသူအပေါ် မျှဝေစာနာတတ်တဲ့သူမျိုးဟာ

ကြီးပွားအောင်မြင်မှာမလွဲပါဘူး။အရာရာ အပေါ်မှာ ရင်ထဲကလှိုက်လှိုက်လှဲလှဲ နဲ့သူတစ်ပါးကိုဖြစ်တွန်းစေသလို ကိုယ်တိုင်လည်းဖြောင့်ဖြောင့် မှန်မှန် နဲ့ ဖြစ်ထွန်းအောင်အမြဲကြိုးစားနေတဲ့ မြင့်မြတ်နှလုံးသားရှင်တစ်ဦးပါ။



*(၆) ကြွင်း ဥပေက္ခာ*

အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာအေးအေးပဲနေတတ်တယ်။တစ်ပါးသူကိစ္စကို ကိုယ်နဲ့မဆိုင်ဖို့

အမြဲကြိုးစားပြီး နေတတ်တယ်။ ၀င်ပြီး စွက်ဖက်တတ်တဲ့ သဘာဝ ကင်းစင်သည်။ရန်သူကိုတောင် စိတ်ဒေါသထွက်

ပြီး ရင်မဆိုင်ဘဲ မသိသလို ကိုယ့်ရန်လုပ်တာမဟုတ်သလို ခပ်မဆိတ်နေတတ် ဥပေက္ခာကျောခိုင်းတတ်တယ်။တည်ကြည်

တည်ငြိမ်ပြီး လူသားအားလုံးကို ကိုယ့်စိတ်ကမှန်တယ် ထင်တာလုပ်နေကြတာပဲဘာဝင်စွက်စရာလိုလဲဆိုတဲ့ သဘော

ထားတယ်။ကိုယ့်ကိစ္စ ကိုယ်နဲ့ပတ်သက်တဲ့ဝန်းကျင်အလုပ်ကို စူးစူးစိုက်စိုက်လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ်။

ထူးခြားချက်က အနေအေးပြီး မဆိုင်သလိုနေလို့ မသိဘူးမထင်လေနဲ့ အရာရာသူသိတယ်။ပတ်ဝန်းကျင်ကိုလည်း အမြဲ

လေ့လာတယ်။ဖြစ်ပေူလာတဲ့အကြောင်းဆက်တွေပေါ်မှာလည်း နားလည်လွန်းလို့ အရာရာအပြစ်မမြင်ဘဲ နေတတ်တာ။

အခက်အခဲတွေ့ ဒုက္ခတွေ့လို့ကတော့ သူ့ဆီမှာ အကူညီတောင်းကြည့် ကိုယ့်ပြဿနာကိုသူ့ပြဿနာတစ်ခုလို လှိုက်လှိုက်

လှဲလှဲ သဘောထားပြီး ကူညီမှာသေချာပါတယ်။လူကြီး လူကောင်းတွေအနောက်နိုင်ငံမှာအသုံးများတဲ့ Gentalman ဆို

တာဒီလိုမျိုးပေါ့။ ကိုယ်နဲ့မပတ်သကသမျှ ၀င်မပါဘူး။ ကိုယ်နဲ့ မိတ်ဆက်မပေးသမျှမည်မျှ မျက်မှန်းတန်းနေပစေပြုံးပြနှုတ်

ဆက်မှာမဟုတ်ဘူး။ယဉ်ကျေးတယ် သိမ်မွေ့တယ်။ အရေးကြုံလာရင် တကယ်အားထားရတယ်။တကယ့်ကို မမြင်ကြည်

လင်တဲ့သူတွေပေါ့။တစ်နေ့မှာသူဟာဘာသာရေးဘက်လုံးဝရောက် ကျွတ်တန်းဝင် တရားထူးရတစ်ခါတလေသာသနာ့ ဘောင်ဝင်သွားတတ်ပါတယ်လို့ ဟိုးးရှေ့ပညာရှင်ကြီးတွေကဆိုခဲ့ပါတယ်။

တချို့ကမတွက်တတ်မှာဆိုးလို့ အစမ်းတွက်ပြမယ်နော်........



ှုဥပမာ... 4.1.88 မွေးတဲ့သူဆိုပါစို့.....သူကတနလာင်္နေ့မွေးတဲ

့သူဆိုကြပါဆို့......

အဲဒါဆို သူ့ရဲ့မြန်မာသက္ကရာဇ်က = ၁၃၄၉

မွေးနံဂဏန်းက တနလာင်္ဆိုတော့... =၂

နှစ်ခုပေါင်း=၁၃၄၉+၂=၁၃၅၁

၇နဲ့စား = ၁၃၅၁/၇=ဝ

အကြွင်းက (၀) ရပါတယ်...

အဲဒါဆိုသူ့အတွက် အဖြေကို (၀) မှာသွားကြည့်ယုံပါပဲ......

အရင်မေလ်းဟောင်းတွေ ပြန်စစ်ရင်းတွေ့ပြီး တင်ပေးတာပါဗျ.. ဘယ်သူရေးမှန်းတော့မသိပေမယ့် ကျွန်တော့အတွက်တော့ ကွက်တိမှန်တယ်ဗျ...................