မြိတ်ခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာသို့ အပေါ့စား မီးသတ်စက် များအား ပံ့ပိုးမည်

ပို့စ်တင်ချိန် - 12/06/2013 07:11:00 PM


ကျေးလက်ဒေသမီးဘေး ကြိုတင် ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင် အပေါ့စား မီးသတ်စက်များအာ့း  မြိတ်ခရိုင် အတွင်းရှိ ကျေးရွာ(၄၇)ရွာ အတွက် မြိတ်မြို့နယ် အတွက် (၁၁)လုံး၊ကျွန်းစုမြို့နယ် အတွက်(၁၅)လုံး၊ ပုလောမြို့နယ် အတွက်(၈)လုံး၊ တနင်္သာရီမြို့နယ် အတွက် (၉)လုံး၊ပလောက်မြို့နယ်ခွဲ အတွက်(၄)လုံး၊ ခရိုင်အတွင်းရှိမြို့နယ်မီးသတ် စခန်း(၄)ခုအတွက်စခန်းတစ်ခု လျှင်(၂)လုံးစီစုစုပေါင်း (၅၅)လုံးကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါအပေါ့စား မီးသတ်စက် အမျိုးအစားမှာဓာတ်ဆီလောင်စာ အသုံးပြုသည့် KENBO အမျိုးအစား နှင့် KEMAGE အမျိုးအစားများ  ဖြစ်ပြီး မီးသတ်စက်တစ်လုံးစီတွင် ရေစုပ်ပိုက်အရှည်(၂၅)ပေ၊ ရေပက်ပိုက် အရှည်(၆၀)ပေ၊ ရေပက် ပိုက်ခေါင်းတစ်လုံး ပါရှိကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ