ဆီးဂိမ်း ဘောလုံးပြိုင်ပွဲရက်များတွင်ည ၈ နာရီသတင်း အချိန်ပြောင်းလွှင့်မည်

ပို့စ်တင်ချိန် - 12/06/2013 07:30:00 PM

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)သည် ဆီးဂိမ်းပြိုင်ပွဲဘောလုံးပွဲ ကျင်းပမည့်ရက်များတွင် ည ၈ နာရီ၌ ပုံမှန်ထုတ်လွှင့်နေသည့် သတင်းအစီအစဉ်ကိုည ၈ နာရီ မိနစ် ၄၀ သို့ ပြောင်းလဲထုတ်လွှင့် သွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းထုတ်
ပြန်ထားသည်။ယခုကဲ့သို့ ည ၈ နာရီသတင်းအား နောက်ဆုတ် ထုတ်လွှင့်မှုအပေါ် ဘောလုံးကွင်းအတွင်းသို့ သွားရောက် မကြည့်ရှုနိုင်
သည့် ပရိသတ်တစ်ဦး အနေဖြင့် ၀မ်းမြောက်ကြောင်း မြန်မာဘောလုံး
ပရိသတ်တစ်ဦးက စံတော်ချိန်သို့ ပြောကြားသည်။

" အိမ်မှာပဲ ကြည့်ရမှာဆိုတော့ တစ်ဆက်တည်းပြတာကို ပိုသဘော ကျပါတယ်။ အရင်တုန်းကဆို မြန်မာပွဲတွေ သတင်းနဲ့တိုက်ရင် သတင်း
ကို ၁၅ မိနစ် လောက်ပြပြီးမှ ပွဲကို ပြန်လွှင့်တာ။ အခုတော့ တစ်ထိုင်တည်း ကြည့်ရတော့မှာပေါ့ " ဟု ၎င်းကဆိုသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ဆီးဂိမ်းပြိုင်ပွဲကျင်းပနေသည့်ကာလ အတွင်း ဆီးဂိမ်းနေ့စဉ်သတင်းများကို နံနက် ၁၀ နာရီ၊ မွန်းတည့် ၁၂
နာရီ၊ ညနေ ၄ နာရီတို့တွင် ဦးစားပေးထုတ် လွှင့်သွားမည်ဖြစ်ကြောင်း
မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ သတင်းထုတ်ပြန် ကြေညာချက်၌ ပါရှိသည်။

ဆီးဂိမ်းပြိုင်ပွဲအတွင်းမှ မြန်မာ ပရိသတ်များ စိတ်ဝင်စားမှုအရှိဆုံးဖြစ်သည့် အမျိုးသားဘောလုံးပြိုင်ပွဲတွင်မြန်မာအသင်း၏ အုပ်စုပွဲစဉ်များ အားလုံး မှာ ည ၆း၄၅ နာရီတွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သောကြောင့် ည ၈ နာရီ သတင်းနှင့် တိုက်နေခြင်းဖြစ်သည်။\

စံတော်ချိန် နေ့စဉ်သတင်းစာ