၆ ရက်ကြာ သပိတ်တိုက်ပွဲအတွင်း ဘင်္ဂလာတွင် လူ ၂၄ ဦး သေဆုံး

ပို့စ်တင်ချိန် - 12/06/2013 12:45:00 PM


လွန်ခဲ့သော စနေနေ့ကနေ  အတိုက်အခံ ဘီအန်ပီပါတီက ဦးဆောင်တဲ့ ၁၈ ပါတီက ခေါ်ယူတဲ့ ၁၃၁ နာရီ (၆) ရက်ကြာ ပိတ်ဆို့ရေး သပိတ်တိုက်ပွဲအတွင်း ဘင်္ဂလာဒေခ်ျ့မှာ သေဆုံးသူ အရေအတွက်ဟာ ၂၄ ဦးရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ မနေ့က (သောကြာ)နေ့က နောက်ထပ် ၂ ဦးသေဆုံးသွားခဲ့တဲ့ အတွက် သေဆုံးသူဟာ ၂၄ ဦးထိ တိုးလာတယ်လို့ ဒီကနေ့ထုတ် The Daily Star သတင်းစာက ဆိုပါတယ်။

ဒီကနေ့ သောကြာနေ့ဟာ ဘာသာရေးနေ့ ဖြစ်တာကြောင့် အတိုက်အခံက သပိတ်ကို ရပ်နားထားတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအ၀န်းမှာ အေးအေးချမ်းချမ်း ရှိနေပေမယ့် မနက်ဖြန် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီကနေ ၇၂ နာရီ သပိတ်ကို ပြန်လည် ခေါ်ယူထားပါတယ်။ ခု အတိုက်အခံ ခေါ်ယူတဲ့ သပိတ်ဟာ အလုံးစုံ ပိတ်ဆို့ရေး သပိတ် ဖြစ်တာကြောင့် ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းတွေ အကုန်လုံး ပိတ်ဆို့ခံရပြီး ကျောင်းတွေ၊ ဈေးဆိုင်တွေ၊ စက်ရုံ အလုပ်ရုံတွေ၊ ကုန်တိုက်ကြီးတွေကိုလည်း ပိတ်ထားရပါတယ်။

သပိတ် ခေါ်ယူထားတဲ့ အချိန်ကာလအတွင်း ကားတွေသာမက ရထားတွေပါ သွားလာခွင့် မရကြပါ။ သွားလာရင်  ကားတွေ၊ ရထားတွေကိုပါ သပိတ်ကို ထောက်ခံသူတွေက မီးရှို့တိုက်ခိုက်တဲ့ အတွက် လွန်ခဲ့တဲ့ ၆ ရက်အတွင်း သေဆုံးသူ ၂၄ ဦး ရှိခဲ့ရတာဖြစ်ပါတယ်။

narinjara burmese news