ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့ပွဲအတွက် ဆန္ဒပြပွဲများကို ခဏရပ်ကာ မြို့တော် သန့်ရှင်းရေး ပူးပေါင်းဆောက်ရွက်

ပို့စ်တင်ချိန် - 12/06/2013 08:41:00 AM


ဒီဇင်ဘာ ၅။

နိုဝင်လာ ၄ရက်က ထိုင်းနိုင်ငံတွင် အစိုးရကို ဆန့်ကျင့်ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များသည် ဘုရင်၏ မွေးနေ့ အတွက် ကန့်ကွက်ပွဲကို
ခေတ္တရပ်ဆိုင်းကာ မြိုတော်၏ သန့်ရှင်းရေးလုပ်ငန်းများကို ပူပေါင်းဆောင် ရွက်ခဲ့ကြ ကြောင်းသိရသည်။ ထိုင်းမှ ကန့်ကွက်ပွဲများကို ရဲတပ်ဖွဲ့က အကြမ်းနည်းဖြင့် ဖြိုခွင်းမှုအစား ပျော့ပြောင်းစွာ ပြောင်းလဲ ကိုင်တွယ်ရာမှ ဆန့်ကျင်ဘက် နှစ်ဘက်မှာ ယခုကဲ့သို့ အလွမ်းသင့်နေကြခြင်း ဖြစ်သည်။

ယနေ့တွင် ပြုလုပ်မည့် ထိုင်းဘုရင် Bhumibol Adulyadej၏ ၈၆နှစ်မြောက် မွေးနေ့အတွက် မြို့တော်အနှံ့မှ ၀န်ကြီးချုပ် ယင်းလက်ကို ဆန်ကျင့်သူများသည် ဗုဒ္ဓဟူးနေ့တစ်နေ့လုံး လမ်းမများတွင် ပြန့်ကျဲနေသည့် အမှိုက့များ၊ အုတ်ခဲအကျိုးအကြေများ၊ အစရှိသည်တို့ကို ဆေးကြောသန့်စင် ဖယ်ရှားပေးခဲ့သည်။ ထိုနေ့မတိုင်မီ သုံးရက်က ယင်းနေရာများတွင် ရဲများက မျက်ရည်ယိုဗုံးနှင့်ပစ်ခြင်း၊ မီးသတ်ပိုက်နှင့်ထိုးခြင်း၊ ကန့်ကွက်သူများဘက်က အုတ်ခဲနှင့် ပြန်လည်ပစ်ခတ်ခြင်းတို့ကြောင့် ရှုတ်ပွနေခဲ့သည်။

ကန့်ကွက်ပွဲကို ဦးဆောင်သူများက ယင်းလက်အစိုးရကို ဖြုတ်ချရန်
ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ဘုရင်မင်းမြတ်မွေးနေ့အတွက် ဆန်ကျင်ဘက်တို့နှင့် ပူးပေါင်းခြင်းသာ ဖြစ်ကြောင်းဆိုသည် ။

ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီမှ အကြီးအကဲ ပါရာဒန် ပတ်တန်နက်နာဘက် ကလည်း ကန့်ကွက်သူများ ယခုကဲ့သို့ အစိုးရပိုင် အဆောက်အဦများအတွင်း စုဝေးနေခြင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရောထွေး
ဆက်ဆံနေ ကြခြင်းများအပေါ် စိုးရိမ်မှု တစ်စုံတရာ မရှိဟုဆိုသည်။ သူက ယနေ့ဖြစ်ရပ်ကို ကြည့်လျှင် လက်ရှိအစိုးရသည် အာဏာပိုင်
ဖြစ်နေသေးကြောင်း ပြသရာရောက်သလို ကန်ကွက်သူများ ကလည်း ဆက်လက်တိုက်ပွဲဝင်ရန် ကျန်သေးသည်ဟု ပြောပြနေသလိုပင်
ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

Ref: Al jazeera
The Myanma Age