တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင်သူအား အရေးယူမည်မဟုတ်ဟု ဆို

ပို့စ်တင်ချိန် - 12/06/2013 12:42:00 PM


တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံ သားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ အား အရေးယူမည်မဟုတ်ဘဲ တည့်မတ် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီး ကြပ်ရေးနှင့်ြ ပည်သူ့အင်အားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့် က ပြော သည်။

”နိုင်ငံသား စိစစ်ရေးကတ်ပြား အရေးယူမယ့်ကိစ္စ မဟုတ်ပါဘူး။ စိစစ် ပြီးတော့မှ မဖြစ်လည်း တည့်ပေးလိုက် တာ မျိုးပါ။ ဖမ်းပြီး အရေးယူတဲ့ ကိစ္စက မဟုတ်ပါဘူးခင်ဗျ” ဟု ၂ဝ၁၄ ခုနှစ် လူ ဦးရေနှင့် အိမ်အကြောင်း အရာ သန်း ခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆိုင်ရာ ရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီး က ပြောသည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော် ကျော်ဝင်းက ပထမအကြိမ် ပြည်ထောင် စုလွှတ်တော် ၁၁ ရက်မြောက်နေ့တွင် တိုင်းရင်းသား မဟုတ်ဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း ကို ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဝန်ထမ်း များအား ထုတ်နုတ် ရွေးချယ် ကာ မန္တ လေး တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်း များနှင့် ပူးပေါင်း စစ်ဆေးေ နပြီဖြစ် ကြောင်း ၄င်းအစီအစဉ်ကို ဇန်နဝါရီလ အတွင်းက ရေးဆွဲ ခဲ့ပြီး ဖေဖော်ဝါရီလ ဆန်းကစတင်လုပ်ဆောင်ခဲ့ကာ စိစစ် မှု တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ သာမက တိုင်းရင်းသား မဟုတ်သော သူများကို ထုတ်ပေးထားသည့် နိုင်ငံ သားစိစစ်ရေးကတ်ပြား၊ အမျိုးသား မှတ်ပုံတင်ကတ်ပြားပုံစံ ၁ဝ နှင့် ဧည့် စာရင်းများကို တိုက်ဆိုင် စစ်ဆေးနေ ကြောင်း ဥပဒေနှင့် ညီညွတ်ခြင်းမရှိ သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ တွေ့ ရှိပါက လိမ်လည်လျှောက်ထားသူ သို့မဟုတ် လိမ်လည် ထုတ်ပေးထားသည့် ဝန်ထမ်းအား ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ေ ကြာင်း ပြောကြားခဲ့သည်။

”တချို့ကျတော့ နိုင်ငံသားကတ် ပြား အကြောင်းအမျိုးမျိုးကြောင့် ပါသွားတဲ့ လူရှိတယ်။ နိုင်ငံသားကတ် ပြားမှာ တချို့နိုင်ငံတွေမှာ မြေပေါ်မှာ အခြေပြုပေးတာရှိ တယ်။ သွေးပေါ်မှာ အခြေပြုပြီးပေးတာ ရှိတယ်။ ကျွန်တော် တို့ နိုင်ငံက သွေးပေါ်မှာမူတည်ပြီးအခြေပြုပြီးပေးတာ။ အမေရိကန်နိုင်ငံ မှာဆိုရင် ဘယ်လူမျိုးပဲဖြစ်ဖြစ် ငါးနှစ် နေရင် နိုင်ငံ သားပေးလိုက်တယ်။ ကျွန် တော်တို့ နိုင်ငံမှာတော့ သွေးပေါ်မှာ မူတည်ပြီးပေးတာကြောင့် မြန်မာနိုင်ငံ သားနဲ့ သွေးမနှောဘဲ ဘယ်လိုမှ နိုင်ငံ သားပေးလို့မရ ဘူး။ သွေးနှောရင် တတိ ယမျိုးဆက်ကျရင် တရုတ်ပေမယ့် လည်း နိုင်ငံသားဖြစ်သွားတယ်”ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်နေ့အထိ သန်းခေါင်စာရင်း များကို ကောက်ခံသွားမည်ဖြစ်ပြီး သက် ဆိုင်ရာ နယ်မြေဒေသအလိုက် တိုင်း ရင်းသား ဘာသာ စကားကျွမ်းကျင်သော ဝန်ထမ်းများအား ထည့်သွင်းကောက်ခံ သွားမည်ဖြစ်ကြောင်း၎င်းက ပြောကြား ခဲ့သည်။

ဖိုးလပြည့်
Popular Myanmar News Journal