မိမိကိုယ့်ကို မီးရှို့အဆုံးစီရင်၍ တိဗက် တစ်ဦး တရုတ်အုပ်ချုပ်မူကို ကန့်ကွက်

ပို့စ်တင်ချိန် - 12/06/2013 12:45:00 PM


တိဗက် ဒေသကို တရုတ်ရဲ့ အုပ်ချုပ်မူ အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ သားနှစ်ဦးရဲ့ ဖခင် တိဗက် လူမျိုး တစ်ဦးဟာ မိမိကိုယ်ကို မီးရှို့ကာ သတ်သေသွားတယ်လို့ သိရပါတယ်။

မိမိကိုယ်ကို မီးရှို့သတ်သေသူဟာ အသက် ၃၀ အရွယ် Konchok Tseten ဆိုသူ ဖြစ်ပြီး ခုလို မီးရှို့သတ်သေပြီး မကြာခဏ ဆန့်ကျင် ကန့်ကွက်မူတွေ ဖြစ်ပွားလေ့ရှိတဲ့ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း က တိဗက်ဒေသ တစ်ခု ဖြစ်တဲ့ Sichuan မှာ ခုလို မိမိကိုယ်ကို သတ်သေသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် အခြေစိုက် RFA ကနေ မနေ့က ဒီသတင်းကို ထုတ်လွှင့်သွားတာ ဖြစ်ပြီး ခုလို သတ်သေပြီး တရုတ်အုပ်ချုပ်မူကို ဆန့်ကျင်ကန့်ကွက်တဲ့ အတွက် ပဋိပက္ခတွေနဲ့ အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နှင်းမူတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

narinjara burmese news