ရန်ကုန်မြိုပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါက်တာသန့် မြင့်ဦး ကမ္ဘာထိပ်တန်း တွေးခေါ်သူများစာရင်းတွင် ထည့်သွင်းခံရ

ပို့စ်တင်ချိန် - 12/06/2013 08:32:00 AM



ရန်ကုန်မြိုပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့  တည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ ဒေါက်တာသန့် မြင့်ဦးသည် ကမ္ဘာထိပ်တန်း
မဂ္ဂဇင်းတစ်ခုဖြစ်သည့်  Foregin Policy မှ၂၀၁၃ခုနစ်အတွက် ကမ္ဘာထိပ်တန်း တွေးခေါ်သူများစာရင်းတွင် ထည့်သွင်းခံရကြောင်း
ထုတ်ပြန်ကြေညာခဲ့သည်။

" ဒီလိုထည့်သွင်းခံရတာဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရန်ကုန်မြိုပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ မှာရှိတဲ့
တစ်စုံတစ်ယောက်တိုင်းရဲ့ ကြိုးစားအားထုတ်မူကို အသိမှတ်ပြုခံရတာဖြစ်သလို ရန်ကုန်မြိုပြစီမံခန့် ခွဲမူရဲ့ အရေးပါမူကိုလည်း
ထုတ်ဖော်ပြလိုက်တာဖြစ်ပါတယ်။ ရန်ကုန်ဟာ နိုင်ငံခြားသားဧည့်သည်တွေနဲ့ ကြွယ်ဝချမ်းသာသူတွေအတွက် သာမက
မြိုတွင်းနေထိုင်သူတွေအတွက် အလှပဆုံးနဲ့ နေ့ ချင့်စဖွယ်အရှိဆုံး မြိုတော်တွေထဲကတစ်ခုဖြစ်လာနိုင်ပါတယ်" ဟု
ဒေါက်တာ သန့် မြင့်ဦးကပြောသည်။

Foregin Policy မဂ္ဂဇင်းသည် ကမ္ဘာထိပ်တန်း မဂ္ဂဇင်းတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံတွင် အခြေစိုက်ကာ ကမ္ဘာထိပ်တန်းတွေးခေါ်သူများ စာရင်းအား ၂၀၀၅ခုနစ်မှစတင်ကာ နှစ်စဉ်ပြုစုထုတ်ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနစ်ထုတ်ပြန်သော စာရင်းသည် ၁၀ကြိမ်မြောက်ထုတ်ပြန်ခြင်းကာ ယမန်ကထုတ်ပြန်သော စာရင်းဧ။် ထိပ်ဆုံးနေရာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ကအတူပူးတွဲရရှိခဲ့ကြော်င်းသိရသည်။

ထို့ ပြင်ယခုနှစ်စာရင်းတွင် ရုရှားနိုင်ငံသမ္မတ ဗလာဒိမာပူတင်၊ ပုပ်ရဟန်းမင်းကြီး ဖရန့် စစ်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်
Amazon.com တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ် တို့ လဲပါဝင်ခဲ့ကြောင်းသိရသည်။

ဒေါက်တာသန့် မြင့်ဦးသည် သမိုင်းပညာရှင်တစ်ဦးဖြစ်ကာ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သူဖြစ်ပြီး ဟားဗတ်နှင့် ကိန်းဗရစ် တက္ကသိုလ်များတွင်သမိုင်းဘာသာသင် ဆရာတစ်ယောက်အဖြစ်တာဝန်
ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့ ပြင် ကမ္ဘာကုလသမ္မဂမဖွဲ့ ဧ။် အထွေထွေအတွ့င်းရေးမူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင်
ကုလသမဂအဖွဲ့ တွင် နိုင်ငံရေးရာဌာနဧ။် မူဝါဒ စီမံကိန်းရေးဆွဲရေးဌာန အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။


ယခုရန်ကုန်မြိုပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဧ။်လုပ်ငန်းဆောင်တာများအပြင် မြန်မာနိုင်ငံငြိမ်းချမ်းရေးဗဟိုဌာနဧ။် အထူးအကြံပေးတာဝန်နှင့် မြန်မာနိုင်ငံအမျိုးသား စီးပွားရေးနှင့် လူမူရေးအကြံပေးကောင်စီတွင် အဖွဲ့ ဝင်အဖြစ် တာဝန်များထမ်းဆောင်လျှက် ရှိကြောင်းသိရသည်။


Yoyarlay