ပဲခူးမြို့၊ ဥဿာမြို့သစ် (၇)ရပ်ကွက် ပြင်စီဈေးအနီး ကုက္ကိုပင်တွင် လူတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 5/03/2014 09:12:00 AM


၂-၅-၂၀၁၄ ရက်နေ့ ညနေ(၆)နာရီအချိန် ပဲခူးမြို့၊ ဥဿာမြို့သစ် (၇)ရပ်ကွက် ပြင်စီဈေးအနီး ကုက္ကိုပင်အရိပ်အောက်တွင် အောင်ကျော်မိုး (၄၃)နှစ် (ဘ)ဦးထွန်းညွန့် ပုခက်ကြိုးရောင်း၊ ကျိုက်ပွန်ဘုရားလမ်း၊ ရပ်ကွက်ကြီး(၈)၊ ဥဿာမြို့သစ်နေသူသည် ကုက္ကိုပင်အောက်တွင် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ယာဘက်တစ်စောင်းဖြင့် သေဆုံးနေ၍ ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းမှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်းအမှတ်စဉ်၊ ၆/၂၀၁၄ ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ဆယ်အိမ်စုမှူး နှစ်ဦး၏ပြောကြားချက်အရ သေဆုံးသူ အောင်ကျော်မိုးသည် အရက်အလွန်အကျွံသောက်သူတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ