အမျိုးသမီးများအား တရုတ်သို့လူကုန်ကူးရန် စည်းရုံးသူကိုအရေးယူ

ပို့စ်တင်ချိန် - 5/03/2014 11:20:00 AM

Author: မောင်တာ
Location: မန္တလေး


တရုတ်အမျိုးသားနှင့် လက်ထပ်ရန် မန္တလေးမြို့မှ အမျိုးသမီးငယ်များအား လာရောက် စည်းရုံးသူတစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးတပ်ဖွဲ့စုက ဧပြီ ၂၉ ရက်တွင် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

 တရုတ်အမျိုးသားနှင့် အိမ် ထောင်ကျနေသည့် အမျိုးသမီး တစ်ဦးသည် မန္တလေးမြို့ အောင် မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်၊ ကန်ပတ်လမ်းသို့ ရောက်ရှိလာပြီး အမျိုးသမီးငယ်များကို တရုတ် နိုင်ငံသို့ လူကုန်ကူးရန်နှင့် တရုတ် အမျိုးသားနှင့်လက်ထပ်ပေးရန် စည်းရုံးနေသည်ဟူသော သတင်း အရ တာဝန်ရှိသူများက အသွင်ယူ ကာ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ် ကြောင်း အမှတ်(၁၁) လူကုန်ကူး မှု တားဆီးကာကွယ်ရေးတပ်ဖွဲ့စု (မန္တလေး)မှ သတင်းရရှိသည်။

 ‘‘လူကုန်ကူးဖို့ကြိုးစားတဲ့ အမျိုးသမီးက တရုတ်အမျိုးသား နဲ့ အိမ်ထောင်ကျနေတာ သုံးနှစ် လောက်ရှိပြီ။ (၁၀)လအရွယ် သမီးလေးပါရှိတယ်။ သူ့ခင်ပွန်း ရဲ့အစ်ကိုနဲ့ပေးစားဖို့ အမျိုးသမီး ငယ်လေးတွေကို လာစည်းရုံး တာ’’ဟု လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စု (မန္တလေး)မှ ရဲမှူးဖေသိန်းကျော်က ပြောသည်။

တရုတ်အမျိုးသားနှင့်လက် ထပ်ရန် တရုတ်နိုင်ငံသို့လိုက်ပါ မည်ဆိုလျှင် လတ်တလောငွေ တစ်သိန်း  ကြိုတင်ပေးချေပြီး တရုတ်နိုင်ငံတွင်  တရုတ်အမျိုး သားနှင့် ပေးစားပြီးပါက ငွေအ မြောက်အမြားရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံသို့လည်း ပြန်လာနိုင်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားနှင့် အနည်းဆုံးခြောက်လခန့် ပေါင်းသင်းရမည်ဖြစ်ပြီးကလေးမွေးဖွားပေးနိုင်ပါက ပိုမိုအဆင်ပြေ မည်ဖြစ်ကြောင်းစသည်ဖြင့် ပြောဆိုစည်းရုံးကာ ရဲတပ်ဖွဲ့မှ စေလွှတ်ထားသည့် အသွင်ယူ အမျိုးသမီးကို ကားဖြင့်ခေါ် ဆောင်လာစဉ် လူကုန်ကူးတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တရုတ်သို့လူကုန်ကူး ရန်  လာရောက်စည်းရုံးသူကို မန္တလေးမြို့  အမှတ်(၄)ရဲစခန်း တွင် လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူထားသည်။

မန္တလေးခရိုင်သည် မြန်မာ နိုင်ငံတွင် လူကုန်ကူးမှုအဖြစ်များ ဆုံး မြို့နယ် ၄၂ မြို့နယ်တွင် ပါဝင်နေပြီး လူကုန်ကူးသူများ အများဆုံးဖြတ်သန်းသွားလာသည့် Transist နေရာတစ်ခုလည်း ဖြစ်ကာ လူကုန်ကူးမှုများမကြာ ခဏဖမ်းဆီးရမိလျက်ရှိသည်။
7day daily