ပုလောမြို့ ရှပ်ပုံကျေးရွာတွင် ကလေးငယ်(၂)ဦး အစာ အဆိပ် သင့်၍ သေဆုံးမှုဖြစ်ပွား

ပို့စ်တင်ချိန် - 5/03/2014 09:55:00 AM


ပုလော မေ ၂

ပုလောမြို့ ရှပ်ပုံကျေးရွာတွင် ကလေးငယ်(၂)ဦး သည် မေလ(၁)ရက် နေ့လည်(၂း၃၀)နာရီက အစာ အဆိပ်သင့်၍ သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရှပ်ပုံကျေးရွာ အထဲစုရပ်နေ ဦးဝင်းလှိုင်၏ သားဖြစ်သော မောင်ဆန်းကိုဖြိုးသည် ညီများဖြစ် သော မောင်ချစ်လင်းနိုင်နှင့် မောင်စည်သူဖြိုး တို့နှင့် အတူ နေအိမ်တွင် ထမင်းကို ထမင်းရည်ဖြင့်ဖျော်ပြီး ဟင်းချိုမငါး ငါးခြောက်ဖုတ်ဖြင့် စားခဲ့သည်။

နေ့လည်(၃)နာရီ အချိန်ခန့်တွင် မောင်ချစ်လင်းနိုင်နှင့် မောင်စည်သူဖြိုးတို့မှာ ဗိုက်အောင့်လာသဖြင့် ပုလောမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ဆေးကု သမှုခံယူစဉ် ဆေးရုံ၌ပင် သေဆုံးသွားခဲ့ကြသည်။ ပြည်သူ့ ဆေးရုံမှ တာဝန်ကျ ဆရာဝန်မှ ကလေး(၂)ဦးသေဆုံးရခြင်းမှာ အစာ အဆိပ်သင့်၍ သေဆုံး ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar