ဂျိုးဖြူချောင်းရထားလမ်းကူးတံတားမှ ဖြတ်သွားသူအမျိုးသမီး ပြုတ်ကျသေဆုံး

ပို့စ်တင်ချိန် - 5/03/2014 06:16:00 PM




ရန်ကုန်၊ မေ ၃

၂.၅.၂၀၁၄ရက်နေ့ ၁၃၂၀ အချိန်ခန့်တွင် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များသည်တိုက်ကြီးမြို့နယ်၊ဂျိုးဖြူအုပ်စု၊ဂျိုးဖြူရွာမြောက်ပိုင်း၊ရန်ကုန်-ပြည်ရထား
လမ်း၊ဂျိုးဖြူချောင်းရထားလမ်းကူးတံတားပေါ်မှဂျိုးဖြူချောင်းအတွင်းသို့အမျိုးသမီး
တစ်ဦးပြုတ်ကျ သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ ဂျိုးဖြူရွာမြောက်ပိုင်းနေ ဒေါ်ဌေးရီ(ခ)ဒေါ်ပွေလီ၊ (၆၇)နှစ်
ဖြစ်ပြီး ချောင်းအတွင်း၌ခါးကျိုး၊၀ဲပေါင်ကျိုးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၂၃၀ အချိန်ခန့်က အခင်းဖြစ်တံတားအနီး ရထားလမ်းဘေးရှိ အရက်ဆိုင်တွင် အရက်သောက်ခဲ့ပြီးနောက် နေအိမ်သို့
ပြန်ရန် ဂျိုးဖြူချောင်းရထားလမ်းကူးတံတားအမှတ်(၁၁၅)ပေါ်မှဖြတ်သန်း
သွားစဉ် တံတားအလယ်အရောက်၌ အနက်ပေ(၂၀)ခန့်ရှိ ရေခန်း
ခြောက်နေသော ဂျိုးဖြူချောင်း အတွင်းသို့ပြုတ်ကျသွားခဲ့ရာ ချောင်းအတွင်းရှိ
ကျောက်တုံးများနှင့် ထိခိုက်မိခဲ့သဖြင့် ဒဏ်ရာရသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍တိုက်ကြီးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။


Yangon Police