ပဲခူးမြို့နယ် ပေါက်တောကျေးရွာတွင် လေပြင်းတိုက်ခတ်

ပို့စ်တင်ချိန် - 5/03/2014 09:27:00 AM


ပဲခူး မေ ၂

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပေါက်တောကျေးရွာတွင် မေ ၁ ရက် ညနေ ၆ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မူလတန်းလွန်စာသင်ကျောင်းအပါ အဝင် ပျက်စီး သွားသော နေအိမ် ၉၅ လုံးနှင့် အိမ်ခေါင်မိုးပျက်စီးသွားသော နေအိမ် ၉၇ လုံး စုစုပေါင်း ၁၉၂ လုံး ဆုံးရှုံးသွားခဲ့ပြီး လျှပ်စစ်မီးတိုင်များ ပြိုလဲသွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ဦးရဲမြင့်ထွန်း၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစောမော်ထွန်း၊ ဦးကြင်သိန်းနှင့် တာဝန်ရှိသူများကအဆိုပါကျေးရွာသို့ သွားရောက်ပြီးလေဘေး သင့် ပြည်သူ များကို အားပေးစကားများပြောကြား၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးများကို စိစစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar