ဖုန်းအားသွင်းကြိုးဖြုတ်ရာမှ ကျောင်းသားတစ်ဦး ဓါတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 5/03/2014 09:12:00 AM


၂-၅-၂၀၁၄ ရက်နေ့ ညနေ(၆း၃၀)အချိန်တွင် ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာ(၄)လမ်း၊ အမှတ်(၁၀၄၁)နေ အဌမတန်းအောင်ကျောင်းသား မောင်ခိုင်မြဲထွဋ် (၁၅)နှစ် (ဘ)ဦးတင်ထွဋ်သည် ရေချိုးပြီးအိမ်ထဲဝင်၍ ဖုန်းအားသွင်းထားသည့်ကြိုးအား ဖြုတ်ရာမှ ဓါတ်လိုက်သေဆုံးသဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိနေကြောင်း ည(၇း၃၅)အချိန် ပဲခူးဆေးရုံကြီးမှ ပဲခူးမြို့မရဲစခန်းသို့ အကြောင်းကြားကြောင်းနှင့် မြို့မရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်းအမှတ်စဉ်၊ ၉/၂၀၁၄ အရ သေမှုသေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ