ယာဉ်မောင်းအရက်သောက်ထားပါက စက်မနိုးသည့် Scania ကားများ တင်သွင်းမည်

ပို့စ်တင်ချိန် - 5/03/2014 11:22:00 AM



Author: မိုးညို

အဝေးပြေးယာဉ်မောင်း များ အရက်သောက်ထားပါက ကားစက်နှိုး၍မရသည့် စနစ်ပါဝင်သော  စကင်နီးယား (Scania)ဘတ်စ်ကားကြီးများ လာမည့် နှစ်တင်သွင်းမည့် ကားများတွင် ပါဝင်လာတော့မည်ဖြစ်ကြောင်း
အောင်တံခွန်အင်တာနေရှင်နယ်ဆားဗစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဦးချမ်းမြက ပြောသည်။

 Scania ဘတ်စ်ကားကြီး များအား မြန်မာပြည်ကိုယ်စားလှယ်အဖြစ် တစ်ဦးတည်းဖြန့်ချိ ရောင်းချခွင့်ရရှိသော အောင်တံခွန်ကုမ္ပဏီမှ  ယခုနှစ်ကုန်ပိုင်းတင်သွင်းမည့်ကားကြီးများတွင်  ယင်းစနစ် ပါဝင်လာတော့မည်ဖြစ်ကြောင်း ဦးချမ်းမြက ဆိုသည်။

  ‘‘အယ်လ်ကိုမီတာစနစ်က ယာဉ်မောင်းက အရက်သောက် ထား၊ မထားကို ကွန်ပျူတာကနေ တိုက်ရိုက်သိရှိနိုင်ပြီး ယာဉ်မောင်း က အရက်သောက်သုံးထားရင် စက်က လုံးဝကိုနှိုးလို့ရမှာ မဟုတ် ဘူး’’ ဟု အဆိုပါစနစ်ကို ၎င်းက ရှင်းပြသည်။

ယာဉ်မောင်းအနေဖြင့် မော် တော်ယာဉ်စတင်  မထွက်ခွာမီ အယ်လ်ကိုမီတာစနစ်တွင် ပါဝင် သည့် လေမှုတ်အနံ့ရှူကိရိယာမှ တစ်ဆင့် အသက်ရှူရမည်ဖြစ်ပြီး ယင်းမှ ထိန်းချုပ်ထားသည့် ကွန် ပျူတာစနစ်သို့ပို့ဆောင်ကာ အ ရက်သေစာသောက်သုံးထားခြင်း ရှိ၊မရှိကို တိုင်းတာသွားမည်ဖြစ် ပြီး  အရက်သောက်သုံးထားပြီး ကား၏ စက်ကိုနှိုးပါက စက်လည်ပတ်လာတော့မည် မဟုတ်ကြောင်းသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် အ သုံးပြုမောင်းနှင်နေပြီဖြစ်သည့် Scania ကားများတွင် ကားမောင်း နှင်ပါက အရှိန်ကို ထိန်းညှိသည့်စနစ်ပါဝင်ခြင်း၊ ကားမောင်းနှင် နိုင်သည့် ကီလိုမီတာနှုန်းကို မိမိ စိတ်ကြိုက်အကန့်အသတ်ထားရှိ နိုင်ခြင်း၊ ယာဉ်မောင်းများအားသင်တန်းပေးခြင်း၊  တစ်လတစ်ကြိမ်Scaniaကားများအား Service Centre များတွင် ပြန်လည်စစ်ဆေးခြင်းများကို ပြုလုပ်ပေးနေသည့် ကားအမျိုးအစားတစ်ခုလည်း ဖြစ်သည်။

Scania ကားများ တင်သွင်း ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က စတင်ခဲ့ပြီး  ၂၀၁၁  ခုနှစ်၌ နေပြည်တော်၊ မန္တလေးနှင့် ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့တို့၌ After Sale Service များကိုပါ တစ်ပါတည်းစတင်ခဲ့သည်။

လက်ရှိအချိန်အထိ Scania ဘတ်စ်ကားပေါင်း အစီးရေ ၂၈၀ နီးပါးတင်သွင်းထားပြီး ယာဉ် လိုင်းပေါင်း ၁၁ လိုင်းမှ Scania ဘတ်စ်ကားများကို ၀ယ်ယူအသုံး ပြုလျက်ရှိပြီး  အဝေးပြေးယာဉ်လိုင်းများ၏ ကားဈေးကွက် ဝေစုအများဆုံး ရရှိနိုင်ရန် ကုမ္ပဏီက မျှော်လင့်ထားသည်။

7day daily