အခန်း ၅ဝဝကျော်ပါဝင်တဲ့ ကြယ်လေးပွင့်ဟိုတယ် တော်ဝင်စင်တာမှာ ဖွင့်တော့မည်

ပို့စ်တင်ချိန် - 5/03/2014 09:34:00 AM


နိုင်ငံခြားခရီးသည်တွေ မြန်မာပြည်ကို ဝင်ရောက်တဲ့ဦးရေ မြင့်တက်လာပေမယ့် နိုင်ငံအတွင်းမှာ နိုင်ငံတကာအဆင့်မီတဲ့ ဟိုတယ်တွေနည်းပါးနေတာကို ဖြည့်ဆည်းဖို့ ကြယ်လေးပွင့် ဟိုတယ်သစ်တစ်ခု ဖွင့်လှစ်တော့မှာပါ။ ဟိုတယ်နာမည်က ဘာလဲ။

ပြည်လမ်းပေါ်မှာရှိတဲ့ တော်ဝင်စင်တာရဲ့အပေါ်ထပ်မှာ အခန်းပေါင်း ၅ဝဝကျော်ပါဝင်တဲ့ တော်ဝင်ဂါးဒင်းဟိုတယ်ကို ၂ဝ၁၁ကတည်းက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး မူလအခြေတည်ကတည်းက တော်ဝင်စင်တာဟာ ဟိုတယ်ပုံစံ မဟုတ်ခဲ့တာကြောင့် အခက်အခဲတွေ ရှိခဲ့တယ်လို့ ဦးကိုကိုထွေးက ဆိုပါတယ်။

ပေ ၃၅ဝ၊ ၅၅ဝ အကျယ်မှာ ဟိုတယ်အခန်း ၅၁၃ခန်းထည့်သွင်းထားပြီး တော်ဝင်မိသားစုကုမ္ပဏီပိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ တော်ဝင်မိသားစုကုမ္ပဏီကို အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းမှာ မဟုတ်ဘူးလို့လည်း မေလ ၂ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အထပ်ပေါင်း ၁၁ထပ်ရှိပြီး တည်းခိုနေထိုင်နိုင်မယ့် အခန်းအမျိုးအစား ၇မျိုးပါဝင်သလို စားသောက်ဆိုင် ၃ဆိုင်လည်း ထည့်သွင်းထားပြီး နိုင်ငံတကာစနစ်အတိုင်း ရက်အလိုက် အခန်းနှုန်းထားတွေ အတက်အကျရှိမယ့် နည်းလမ်းမျိုး သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

တော်ဝင်ဂါးဒင်းဟိုတယ်ကို လာမယ့် မေလ ၁၇ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး နိုင်ငံခြားခရီးသည်တွေအတွက် လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးတာလို့ ဆိုပါတယ်။


Kamayut Media