ပဲခူးမြို့နယ်တွင်း ပေါက်တောကျေးရွာတွင် လေပြင်းတိုက်ခတ်

ပို့စ်တင်ချိန် - 5/03/2014 09:57:00 AM



ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာတွင် ၁-၅-၂၀၁၄ ရက်နေ့ ညနေ(၆)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်ပြီး မိုးများသည်းထန်စွာရွာသွန်းခဲ့ရာ စ မူလတန်းလွနစာသင်ကျောင်းအပါအ၀င်ပျက်စီးသွားသောနေအိမ်(၉၅)လုံး နှင့်အိမ်ခေါင်မိုးပျက်စီးသွားသောနေအိမ်(၉၇)လုံးစုစုပေါင်း(၁၉၂)လုံးဆုံးရှုံးသွားခဲ့ပြီး
လျှပ်စစ်မီးကျောက်တိုင် များပြိုလဲသွားခဲ့ကြောင်းသတင်းရရှိသည်။အဆိုပါကျေးရွာသို့
ပဲခူးတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသက်ထွန်း၊ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဦးရဲမြင့်ထွန်း၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ်ဦးကြင်သိန်း၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမော်ထွန်းနှင့် တာဝန်ရှိသူများမှ သွားရောက်ပြီး လေဘေးသင့်ပြည်သူများအားပေးစကားများပြောကြား၍လိုအပ်ချက်များ ကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးလေပြင်းတိုက်ခတ်မှုကြောင့်ဆုံးရှုံးမှုတန်ဘိုးများကို
စီစစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ