စစ်ကိုင်းမြို့နယ်အတွင်း၌တရားမဝင်သစ်ခွ(စို)များနှင့်တမလန်းသစ်ဓါးရွေတုံးများသိမ်းဆည်းရမိ

ပို့စ်တင်ချိန် - 5/03/2014 07:08:00 PM




စစ်ကိုင်း မေ ၃

စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်-၂၊နှင့် သစ်တောဝန်ထမ်းများသည်၊ စစ်ကိုင်းမြိုမရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်လူဇော်နှင့် အဖွဲ့တို့ ပူးပေါင်း၍ မေလ(၂)ရက်(၀၃:၃၀) နာရီကနယ်မြေ သတင်းအရ တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်း လုပ်ငန်းကိုစစ်ကိုင်း-မုံရွာ-ရွှေဘိုကားလမ်း တစ်လျှောက် ရှာဖွေစစ်ဆေးရာပင်လည်ဘူးမှမန္တလေးဘက်သို့မောင်းနှင် လာသော ယာဉ်အမှတ်၂ခ/၉၄၂၃(၆) ဘီးရွှေနိုင်ငံမှန်လုံခရီးသည်တင်ဖြူ၊ ပြာ၊ စိမ်း၊ ဝါရောင် ကားအား စစ်ကိုင်းမြို့ ကံတလူရွှေတောင် တိုးဂိတ် အနီးတွင်ရပ်တန့်စစ်ဆေးရာယာဉ်ပေါ်တွင်ခရီးသည်များ နှင့်အတူသစ်ခွစိုများ ကိုအိတ်များအတွင်း ထည့်၍တမလန်းသစ်ဓါးရွေတုံးများတင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိသဖြင့် စစ်ကိုင်းမြို့နယ် ပိုးတန်းသစ်တောရုံးသို့မောင်းနှင်ချတိုင်း စစ်ဆေးချိန်တွယ်ကြည့်ရာ တရားမဝင် သစ်ခွပင် (စို)(၂၃) အိတ်(၂၈၀)ပိသာနှင့်တမလန်းသစ်ဓါးရွေ(၃၀)တုံး(ဝဒသမ၉၂၄၂) တန်အား ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်သစ်ခွပင်(စို)နှင့်တမလန်းသစ်ဓါးရွေတုံးများ သယ်ဆောင် မောင်းနှင်လာသူ ယာဉ်မောင်းမောင်ဦး၊ ၅/ရဥန(နိုင်)၀၂၈၇၉၁၊(ဘ)ဦးချစ်တင်၊ ရေဦးမြို့ယာဉ်နောက် လိုက်များ ဖြစ်သောမောင်ဝင်း၊ (ဘ)ဦးဖိုးဇော်၊ သက်သာပန်းတောင်းစံပြကျေးရွာ (ကားဆိပ်) ၊ခင်ဦးမြို့နယ်နှင့်ဇော်ဖြိုး၊ အင်တိုင်းကျေးရွာ၊ခင်ဦးမြို့နယ်နေသူအား စစ်ကိုင်းမြို့မရဲစခန်းက ပြစ်မှုကြီးအမှတ်၊ပ-၁၉၉/၂၀၁၄၊ ၆(၁)ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး၊ ဖမ်းဆီးရမိပစ္စည်းများကိုပိုးတန်း သစ်တောရုံး တွင်သိမ်းဆည်း ထားပြီးဖြစ်ကြောင်းသိရသည်။

MOI Webportal Myanmar