တပ်မတော်၏ တာဝန်သည် တိုင်းပြည်ကို ကာကွယ်ရန်သာဖြစ် ပြည်သူကို အုပ်ချုပ်ရန် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော” သတင်းမှ ကောက်နုတ်ချက်

ပို့စ်တင်ချိန် - 6/01/2014 07:47:00 PM



[ Voice of the Day ]
“တပ်မတော်ရဲ့ တာဝန်ဟာ ပြည်သူကို အုပ်ချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖေဖေက ဒီတပ်မတော်ကို ထူထောင်ခဲ့တာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်မက ပြောချင်တယ်။ တပ်မတော်သားတွေ သတ္တိရှိရှိနှင့် အမှန်တရားကို ရင်ဆိုင်ပါ။ စစ်သားတွေပဲ ဒီလောက်တော့ သတ္တိရှိရမှာပေါ့။ သေနတ်ကို ကိုင်ပြီးတော့ သေနတ်မရှိတဲ့ သူတွေကို ရင်ဆိုင်တာထက် အများကြီး ပိုပြီး အရေးကြီးပြီးတော့ သိက္ခာရှိပြီးတော့ သတ္တိရှိတဲ့ကိစ္စဟာ အမှန်တရားကို ရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။

ကျွန်မတို့ တပ်မတော်ဟာ အမှန်တရားကို ရင်ဆိုင်လိုက်ပါ။ ရင်ဆိုင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဥပဒေဘောင်အတွင်းက၊ လွှတ်တော်အတွင်းက ကျုပ်တို့တစ်တွေ ပြင်ဆင်သွားမယ်။

ကျုပ်တို့တစ်တွေဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူး ဆိုတာ သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်လို့ ဆိုရင် တစ်နည်းအားဖြင့် ပြောရင်လည်း စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။

ကျွန်မ စိန်ခေါ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အောင်ပင်လယ်ကွင်းတွင် လူထုအား ဤကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မေလ ၂၆ ရက်နေ့ထုတ် Street View ဂျာနယ်ပါ
“တပ်မတော်၏ တာဝန်သည် တိုင်းပြည်ကို ကာကွယ်ရန်သာဖြစ် ပြည်သူကို အုပ်ချုပ်ရန် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော” သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

The Voice Weekly