စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပုတ်ပွသေဆုံးနေသည့် အလောင်းတစ်လောင်အပါအ၀င် အမည်မသိ လူသေအလောင်းနှစ်လောင်းအား တစ်ရက်တည်းမှာပင် တွေ့ရှိ

ပို့စ်တင်ချိန် - 6/01/2014 05:54:00 AM


သတင်း၊ ကိုတိုးကြီး
မုံရွာ၊ မေ ၃၁
သေမှုသေခင်ဖြစ်စဉ်များ တစ်နေ့တခြားများပြားလာသည့်အမျှ အမည်မသိပုတ်ပွသေဆုံးနေသူ အရေအ တွက်သည်လည်း များပြားလာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မေလ ၃၀ ရက်နေ့ တစ်ရက်တည်းမှာ ပင် ပုတ်ပွသေဆုံးလျက်ရှိသော အမည်မသိ လူသေအလောင်းနှစ်လောင်းအားတွေ့ရှိခဲ့ရသည်ဟု တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အမည်မသိသေဆုံးနေသူများ တွေ့ရှိခဲ့ရာအရပ်မှာ စစ်ကိုင်းမြို့၊ မကျီးစင်ကျေးရွာအနီး၊ စစ်ကိုင်း - မုံရွာ ကားလမ်းမိုင်တိုင်အမှတ်(၁၇/၂)နေရာအနီး မိုးနှံခြုံဘေးနေရာနှင့် ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ တပူးတော ကျေးရွာ၏ မြောက်ဘက်(၇)ခန့်အကွာ ဦးသိန်းစိုး ဆိုသူ၏ ယာတဲဟောင်းအနီးနေရာများတွင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမည်မသိ သေဆုံးနေသူများမှ အသက်(၄၅)အရွယ်နှင့် အသက်(၂၃)နှစ်အရွယ်ရှိ အမျိုးသားများ ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းများက မှုခင်းဆေးပညာများအရ ခန့်မှန်းထားသည်ဟု သိရသည်။
စစ်ကိုင်းမြို့မရဲစခန်းက အဆိုပါ အမည်မသိ ပုတ်ပွသေဆုံးနေသည့် အလောင်းတစ်လောင်းတွေ့ရှိရမှုနှင့် ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ် ၁၂/ ၂၀၁၄ အရ အမှုဖွင့်ထားသကဲသို့ ကျွန်းလှမြို့နယ်၊သဖန်းဆိပ် နယ်မြေရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၄ အရ အမှုရေးဖွင့်ထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သေမှုသေခင်းဆိုင်ရာ လူသေဆုံးမှုများ၊ ယခုနှစ် ပထမလေးလပတ်အတွင်း များပြားလာလျက်ရှိရာ ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းတွင်(၁၉)မှု၊ မုံရွာမြို့မရဲစခန်းတွင်(၁၄)မှု၊ စစ်ကိုင်းမြို့မရဲစခန်းတွင်(၁၂)မှု၊ ထီးချိုင့်မြို့မရဲစခန်းတွင်(၇)မှု၊ ကောလင်းမြို့မရဲစခန်းတွင်(၈)မှု၊ ဗန်း မောက်မြို့နယ်၊ မံစီကြီးနယ်မြေရဲစခန်းတွင်(၁၂)မှု၊ မင်းကင်းမြို့မရဲစခန်းတွင်(၅)မှု၊ ၀န်းသိုမြို့မရဲစခန်းတွင်( ၈)မှု၊ ပင်လယ်ဘူးမြို့မရဲစခန်းတွင်(၈)မှု တန့်ဆည်မြို့မရဲစခန်းတွင်(၂)မှု၊ စသဖြင့် သေမှုသေခင်းဆိုင်ရာ လူသေဆုံးမှုများရရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ လေ့လာသိရှိခဲ့ရသည်။

ကိုတိုး ချင်းတွင်း