ယနေ့ သင်္ဃန်းကျွန်းမြို.နယ်တွင် ရပ်ကွက်လူထု အုံကြွမှုတစ်ခုဖြစ်

ပို့စ်တင်ချိန် - 6/01/2014 08:27:00 PM



အမှတ် ၃၃၅ ဗိုလ်တေဇ လမ်းသွယ် ၂စံပြ စီမံကိန်း ၇ ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်တွင်
ယနေ့  နေ့ လည် ၁၂ နာရီအချိန်တွင်ရပ်ကွက်လူထု အုံကြွမှုပုံစံ တစ်ခုဖြစ်ပေါ်
ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ် မှာ ၎င်းအိမ်ပိုင်ရှင် ဒေါ်ခင်ရီ အသက် ၈၀ နှင့် မိသားစုစုစုပေါင်း ၇ ဦး နေထိုင်ရာ အိမ်အား ပြီးခဲ့သည့်တစ်ပတ်က အကြွေးရှင်ဟုဆိုကာ လူအင်အားများစွာဖြင့် အိမ်အတွင်းဝင်ရောက်၍ ပစ္စည်းများဆွဲချခြင်း မိသားစုဝင်များအား အတင်းအဓမ္မချူပ်နှောင် ဆွဲထုတ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ထိုသို. ဥပဒေမဲ့ လူမိုက်ဆန်ဆန်လုပ်ရပ်ကြောင့် ရပ်ကွက်နေပြည်သူများအနေဖြင့် တရားဥပဒေစိုးမိုးရေး အပိုင်းတွင် စိုးရိမ်လျက်ရှိနေခဲ့ကြောင်း၊ ထိုသို့ ဖြစ်နေပါလျက် ယနေ.နေ့ လည် ၁၂ နာရီအချိန်တွင် လိုက်ထွက်ကားဖြင့် လူဦးရေ ၁၀ဦးခန်.ပါဝင်ကာ ထိုဖြစ်စဉ်နေရာသို့ ဆက်လက်ရောက်ရှိလာပြီး  အဆိုပါ မိသားစုအား                          ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သဖြင့်ရပ်ကွက်ပတ်ဝန်းကျင်နေပြည်သူများအတွက်                 တရားဥပဒေစိုးမိုးရေးအား ထိခိုက်စေခဲ့ပါသည်။

ရပ်ကွက်နေ ပြည်သူများမှ လာရောက်စော်ကားမှုအပေါ်မကျေနပ်ကြပြီးမကြာခင် အချိန်တွင် ပြသာနာကြီးထွားမှုဖြစ်ပေါ်လာနိုင်ကြောင်းသိရပါသည်။

အာဏာပိုင် အဖွဲ့စည်းများဖြစ်သော ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက်၊
မြို.နယ် အုပ်ချူပ်ရေးမှူးများအားအသိပေးအကြောင်းကြားသော်လည်း
ဖြေရှင်းပေးနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါသည်။

Shwe Myanmar Media