သဘာဝလှိုဏ်ဂူထဲမှ ထူးထူးခြားခြား နိုက်ကလပ်

ပို့စ်တင်ချိန် - 6/01/2014 09:38:00 AM


ကျူးဘားနိုင်ငံ အလယ်ပိုင်း၊ ထရီနီဒက်မြို့ရှိ Disco Ayala ကလပ်သည် အဆောက်အအုံ တစ်ခုထဲတွင် ထားရှိခြင်း မဟုတ်ဘဲ ဧရာမ သဘာဝ ကျောက်လှိုဏ်ဂူကြီး တစ်ခုထဲ၌ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
သဘာဝလှိုဏ်ဂူထဲမှ ထူးထူးခြားခြား နိုက်ကလပ်
အရက်ဘားများရှိသည်၊ ကပွဲကြမ်းပြင် နေရာများရှိသည်၊ ရောင်စုံမီးများကလည်း လှုပ်ရှားပြေးလွှားနေသည်။ ထိုနေရာသည် နိုက်ကလပ် တစ်ခုအနေဖြင့် ပြီးပြည့်စုံမှု ရှိနေပြီ ဖြစ်သည်။ တစ်ခုတည်းသော ထူးခြားမှုမှာ အဆောက်အအုံ တစ်ခုအဖြစ် တည်ဆောက်ထားခြင်း မဟုတ်သည်သာ ဖြစ်သည်။ ကျူးဘားနိုင်ငံ အလယ်ပိုင်း၊ ထရီနီဒက်မြို့ရှိ Disco Ayala ကလပ်သည် အဆောက်အအုံ တစ်ခုထဲတွင် ထားရှိခြင်း မဟုတ်ဘဲ ဧရာမ သဘာဝ ကျောက်လှိုဏ်ဂူကြီး တစ်ခုထဲ၌ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ Disco Ayalaသည် ကျူးဘားတွင် ကမ္ဘာလှည့် ခရီးသည်များ၏ အာရုံကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခု အဖြစ်လည်း ထင်ရှားသည်။

ဂူကြီးထဲတွင် ပါတီပျော်များအတွက် သီးခြား နေရာချထားသည့် ဘား(၃)ခု ရှိနေသည်။ ကပွဲကြမ်းပြင် နေရာ(၅)ခုကိုလည်း ထည့်သွင်းပေးထားပြီး အခြားဖျော်ဖြေမှု အစီအစဉ်များလည်း ပါရှိသည်။ ယင်းလှိုဏ်ဂူကြီးသည် လူပေါင်း(၄၀၀၀)မျှထိ ဝင်ဆံ့ပြီး တစ်ပတ်လျှင် (၇)ရက်အပြည့် ဖွင့်လှစ်ကာ နံနက်(၃)နာရီမျှထိ လူစည်နေတတ်ကြောင်းလည်း သိရသည်။ ဂူကြီး၏ တည်နေပုံမှာ ခြောက်ခြားစရာကောင်းကြောင်း ဒေသခံများက ပြောဆိုလေ့ရှိပြီး ယင်းအချက်ကပင် ကမ္ဘာလှည့် ခရီးသွားများကို စူးစမ်းကြည့်ချင်လာအောင် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။

ကနေဒါမှ ကမ္ဘာလှည့် ခရီးသွား တစ်ဦးဖြစ်သည့် အလိန်းဆိုဂျာနားက “အဲဒီကို ရောက်ဖူးတဲ့ နှစ်ယောက်က သိပ်ကောင်းတဲ့ နေရာလို့ ညွှန်းတာနဲ့ မဖြစ်မနေ အရောက်သွားကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ အရမ်းမိုက်တယ်။ တော်တော် ထူးခြားတဲ့ အတွေ့အကြုံပဲ။ ရောက်သွားတဲ့သူတိုင်း ပျော်ကြတယ်လေ”ဟု မှတ်ချက်ပြုခဲ့သည်။ အဆိုပါ ကလပ်တွင် စကျင်ကျောက်ဖြူ ခင်းကျင်းထားသည့် သီးခြား ကပွဲကြမ်းပြင် တစ်ခုလည်း ထည့်သွင်းတည်ဆောက်ထားပြီး ဝင်ကြေးမှာ (၃)ဒေါ်လာ ဝန်းကျင်မျှဟု သိရှိရသည်။

7day