အားကစားသတင်း အတိုအစများ

ပို့စ်တင်ချိန် - 6/01/2014 05:57:00 AM


အားကစားသတင်း အတိုအစများချဲလ်ဆီးအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်မဟုတ်ကြောင်း ကွင်းလယ်လူ လမ်းပတ် အတည်ပြုခဲ့သည်ဟု
ဒေးလီးမေးလ်က ဖော်ပြသွားသည်။

ဘရာဇီး အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက ၁၉၉၈ကမ္ဘာ့ဖလား ရှုံးကြွေးဆပ်လိုသည့်အတွက် လာမည့်ကမ္ဘာ့ဖလားတွင် ပြင်သစ် အသင်းနှင့် ဗိုလ်လုပွဲ ကစားလိုသည်ဟု ပြောခဲ့သည်။

လီဗာပူးမှာ ဆောက်သမ်တန် ကွင်းလယ်လူ လာလာနာကို ပေါင် ၂၅သန်းဖြင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်သစ်အိုးပင်း တတိယအဆင့် ပွဲစဉ်များတွင် စပိန်တင်းနစ်သမားများဖြစ်သည့် ရာဖေးနာဒယ်နှင့် ဒေးဗစ် ဖာရာတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့သည်။

စပိန်အသင်း အပြီးသတ်လူစာရင်းတွင် အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာ ပါဝင်လာခဲ့သည်။

အက်သလက်တီကို တိုက်စစ်မှူး ဒေးဗစ်ဗီလာသည် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီး အသင်းသို့ ပြောင်းရွှေ့ကစားတော့မည်ဖြစ်သည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အမှုဆောင်ချုပ်ဟောင်း စတိဗ်ဘောမားသည် အမေရိကန် ဘတ်စကတ်ဘောအသင်း ကလစ်ပါကို အမေရိကန်ဒေါ်လာ ၂ဘီလီယံဖြင့် ၀ယ်ယူလိုက်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဟော်လန်အသင်းတွင် ကွင်းလယ်လူ ဗန်ဒါဗတ် မပါဝင်နိုင်ခြင်းမှာ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း တောင်ပံကစားသမား ရော်ဘင်က ပြောသည်။

အိုင်ယာလန်နှင့် ခြေစမ်းပွဲတွင် ပြိုင်ဘက်ကစားသမား ပီးယာ့စ်နှင့် ထိခိုက်မိရာမှာ ခြေထောက်ကျိုးခဲ့သည့် အီတလီကွင်းလယ်လူ မွန်တိုလီဗိုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်တော့မည်ဖြစ်သည်။

@z (ရိုးရာလေး)