မူးနေတဲ့အချိန် မှားမပို့သင့်တဲ့ SMS များ

ပို့စ်တင်ချိန် - 6/01/2014 08:29:00 PM




 
မူးလာပြီဆိုရင် ဖုန်းလေးကောက်ကိုင်ပြီး ဟိုဆက် ဒီဆက်၊ sms တွေ ဟိုပို့ဒီပို့ လုပ်တတ်တဲ့သူတွေအတွက်တော့ မနက်ရောက်တဲ့အခါ နောင်တရစရာတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဖုန်းခတွေလည်း ကုန်၊ ရှက်စရာ ကိစ္စတွေလည်းဖြစ်ဆို သောက်ရတာ တန်ရောတန်ပါဦးမလား။ ကဲ ဒီတော့ သောက်ထားတဲ့အချိန်မှာ မပို့သင့်တဲ့ sms တွေကတော့

၁။ရည်းစားဟောင်းကို လွမ်းတယ်ဆိုပြီး sms ပို့တာမျိုး။

ရည်းစားနဲ့ပြတ်ထားတာ မကြာသေးလို့ ခံစားချက်တွေကို မူးတော့မှ ဖောက်ထုတ်တာမျိုးတွေ မလုပ်ပါနဲ့။ တကယ်လို့ ရည်းစားဟောင်းမှာ ကောင်းမလေး/ကောင်လေး အသစ်ရနေပြီဆိုရင် ကိုယ့်အတွက် ရှက်စရာကိစ္စတွေဖြစ်စေပါတယ်။ မူးလာပြီဆိုရင် ရည်းစားဟောင်းကို လွမ်းလိုက်တာ၊ တွေ့ချင်တယ်၊ နင်မရှိရင် မနေနိုင်ဘူး ဆိုတာမျိုးတွေ မပို့မိပါစေနဲ့။

၂။ကိုယ်နဲ့ခုမှ ဒိတ်လုပ်နေတဲ့သူကို ချစ်တယ်လို့စဖွင့်ပြောတာမျိုး။

တစ်ယောက်နဲ့တစ်ယောက် ခုမှ လေ့လာတုန်းအခြေအနေမှာ ကောင်လေးဘက်ကတောင် စမပြောသေးပဲ ကိုယ့်ဘက်ကစပြီး ချစ်တယ်လို့ sms မပို့လိုက်ပါနဲ့။

၃။လူမှားပြီး မကောင်းကြောင်း ပြောမိတာမျိုး။

ကိုယ်မကောင်းကြောင်း ပြောချင်တဲ့သူဆီကိုမှ နာမည်တပ်၊ အကျင့်မကောင်းတဲ့သူဆိုပြီး မှားပို့မိလိုက်ရင် နောက်ပိုင်း ဆက်ဆံရေးကတော့ အခြေအနေတော်တော်ဆိုးသွားပြီလို့ မှတ်လိုက်ပါ။ ဆိုလိုတာက ရိုစီ့ဆီကို .. ဟဲ့ ဟိုဟာမ ရိုစီက နည်းနည်းမှ အကျင့်မကောင်းဘူးဆိုတာမျိုးပေါ့။

၎။မဖြစ်နိုင်တာတွေကို ချိန်းဆိုမိတာမျိုး။

မူးနေတဲ့အချိန် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကို sms ပို့ပြီး မနက်ဖြန် မနက်စာတူတူစားမယ်ဆိုပြီး ချိန်းဆိုတာတွေ၊ မနက်ဖြန်မနက် ဘယ်နေရာမှာဆုံမယ်ဆိုပြီး ချိန်းဆိုမိတာမျိုးတွေ မလုပ်မိပါစေနဲ့။ နောက်နေ့မနက်ရောက်တော့ တစ်ဖက်လူက ဖုန်းတွေခေါ်ထားတာကို နေ့လည်ကိုယ်နိုးတဲ့အချိန်မှ တွေ့မယ်ဆိုရင် အားနာစရာတွေ ဖြစ်ကုန်ပြီပေါ့။

၅။ငါတို့ လမ်းခွဲကြရအောင်ဆိုပြီး ချစ်သူကို ပို့မိတာမျိုး။

ငါအရမ်းပင်ပန်းနေပြီ၊ ငါနင့်ကို စိတ်ကုန်နေတာကြာပြီဆိုပြီး ကိုယ့်လက်ရှိတွဲနေတဲ့ ချစ်သူကို sms ပို့တာမျိုးတွေကလည်း သူ့ကို စိတ်မကောင်းဖြစ်အောင် လုပ်တာနဲ့အတူတူပါပဲ။

Ref:cosmopolitan.com
Trend Myanmar