အိပ်စက်ခြင်းအကြောင်း သိကောင်းစရာ

ပို့စ်တင်ချိန် - 6/01/2014 12:35:00 PM



အိပ်စက်ခြင်းဟာ လူတစ်ယောက်အတွက် အရေးပါပါတယ်။ အိပ်ရေးပျက်တာများတဲ့သူ၊ အိပ်ချိန်ပြည့်ဝအောင် မရှိတဲ့သူတွေဟာ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင်မြင်အောင် မစွမ်းဆောင်နိုင်ပါဘူး။ အလှအပပိုင်းအနေနဲ့ ကြည့်တဲ့အခါမှာလည်း အသားအရေ မလှပတော့တာ၊ မျက်နှာမှာ ၀က်ခြံတွေ ထွက်လာတာ စသဖြင့် ဆိုးကျိုးတွေ ခံစားရမှာမို့ ညဘက်တွေမှာ အိပ်ရေး၀၀ နှစ်နှစ်ခြိုက်ခြိုပ် အိပ်ပျော်စေမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ညဘက်ကောင်းစွာ အိပ်ပျော်နိုင်ဖို့ လေ့ကျင့်ခန်းလုပ်ပါ။

အေရိုးဗစ်ဆော့တာ၊ ပြေးတာ၊  jogging ခုန်တာ စတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ပေးပါ။ လေ့ကျင့်ခန်းတစ်ခါလုပ်ရင် အနည်းဆုံး နာရီဝက်ကနေ မိနစ် ၄၀လောက်ကြာအောင် လုပ်ပေးပါ။ တစ်ပတ်ကို ၄ကြိမ်လုပ်ပေးတာနဲ့တင် အရင်ထက် ပိုနှစ်ခြိုက်စွာ အိပ်ပျော်ပါလိမ့်မယ်။ တစ်ခုသတိထားရမှာက အိပ်ခါးနီးတော့ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်အပူချိန်ကို ပြောင်းလဲပစ်လိုက်တာမို့ ပုံမှန်ခန္ဓာကိုယ်အပူချိန် ကို ပြန်ရောက်ဖို့ဆိုရင် ခြောက်နာရီလောက် ကြာမြင့်တာကြောင့်ပါ။

၂။အိပ်ရာဝင်ချိန် ပုံမှန်ဖြစ်ပါစေ။

ပုံမှန် အိပ်ရာဝင်ချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး အဲ့ဒီအချိန်ရောက်တာနဲ့ အိပ်ရာဝင်ဖြစ်အောင် အကျင့်လုပ်ပေးပါ။

၃။လူကြီးတွေကလည်း လူငယ်တွေအိပ်ချိန်အတိုင်း ရှိသင့်ပါတယ်။

လူကြီးတွေဆို၇င် အိပ်ချိန်နည်းနည်းနဲ့ လုံလောက်တယ်လို့ ပြောဖူးကြပါတယ်။ အမှန်တော့ လူကြီးတွေရဲ့ အိပ်ချိန်ကလည်း လူငယ်တွေလိုပဲ တစ်နေ့ကို ၇နာရီကနေ ၉နာရီအတွင်းရှိသင့်ပါတယ်။

၎။အိပ်စက်ခြင်းဟာ ဦးနှောက်အတွက် မဟုတ်ပါ။

ကိုယ့်ဦးနှောက်ကို အနားပေးဖို့အတွက် အိပ်စက်ရတယ်ဆိုတာ မဟုတ်ပါဘူး။ အမှန်တော့ ကိုယ့်ခန္ဓာကိုယ်အတွက် အိပ်စက်ခြင်းက လိုအပ်တာပါ။ ဦးနှောက်ကတော့ ကိုယ်အိပ်နေတဲ့အချိန်မှာလည်း ခန္ဓာကိုယ်အတွက် အလုပ်လုပ်နေရဆဲပါပဲ။ အိပ်နေရင်း ကိုယ်အသက်ရှုနိုင်တာကိုပဲကြည့်ပေါ့။

၅။တရေးနိုးတဲ့အခါ အတင်းပြန်အိပ်ဖို့ မကြိုးစားပါနဲ့။

ညသန်းခေါင်းကြီး တရေးနိုးလာတဲ့အခါ ပြန်အိပ်ဖို့အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ လွယ်လွယ်ပြန်အိပ်လို့ မရတာကို အတင်းဖျစ်ညစ်အိပ်နေမယ့်အစား အိပ်ယာပေါ်ကဆင်းပြီး သီချင်းနားထောင်တာ၊ စာဖတ်တာ စသဖြင့် ပြန်အိပ်ချင်လာအောင် တစ်ခုခုလုပ်နေလိုက်ပါ။

၆။အိပ်ယာပေါ်မှာ ကွန်ပျူတာတွေတင်၊ အိပ်ယာဘေးမှာ တီဗီတွေ ထားပြီး အိပ်စက်ခြင်းဟာ အကျိုးမရှိပါဘူး။

ကိုယ်အိပ်တဲ့ အိပ်ယာဟာ အိပ်စက်ဖို့ပဲဖြစ်သင့်ပါတယ်။ ကွန်ပျူတာသုံးဖို့အတွက်၊ တီဗီကြည့်ဖို့အတွက်ဆို၇င် အဲ့ဒီအရာတွေကို အိပ်ယာဝေးဝေးမှာ ထားဖို့လိုပါလိမ့်မယ်။

၇။မလိုအပ်ပဲ စောင်ခြုံပြီး မအိပ်ပါနဲ့။

ကိုယ်အိပ်စက်မယ့် အခန်း၊ နေရာရဲ့ အပူချိန်လျော့သွားတဲ့အခါ လူက သူ့အလိုလိုအိပ်ချင်လာပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် လေကောင်းလေသန့်လေးတွေ ရှုရှိုက်ရင်း အိပ်တာ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

၈။ဟောက်တာဟာ အိပ်ရေးပျက်စေပါတယ်။

အိပ်ရင်ဟောက်တယ်ဆိုတာ သိပ်တော့ မကြီးကျယ်ပါဘူး။ ဒါပေမယ့် တစ်အိမ်လုံးကြားတဲ့အထိ ဟောက်နေပြီးဆိုရငတော့ အသက်ရှုလမ်းကြောင်းပြဿနာရှိနေပြီလို့ ထင်မြင်ရတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၉။ကောင်းကောင်းမွန်မွနိ အိပ်ပျော်စေဖို့ အရက်သောက်ပြီး အိပ်တာမျိုး မလုပ်ပါနဲ့။

အရက်သောက်ထားလို့ မူးဝေေ၀ဖြစ်လာပြီး အိပ်လိုက်ရင် တန်းအိပ်ပျော်သွားတာမျိုးကတော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ညသန်းခေါင် နိုးလာပြီး ရေငတ်တာ၊ ရင်ပူတာတွေကြောင့် ပြန်အိပ်လို့မရတတ်တာကိုတော့ သိထားရမှာပါ။

Ref:womenshealthmag.com

မေသော်
Trend Myanmar