စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 6/01/2014 12:00:00 AM


မုံရွာ မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ချောင်းဦးမြို့နယ်၊ ချောင်းဦးရွာမတွင် မေလ(၃၁)ရက်နေ့ ညနေ(၀၂း၄၅) နာရီတွင် မီးလောင်ကျွမ်းမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် နေရာသို့ တိုင်းသကြီးမီးသတ်ဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်များဖြင့် သွားရောက်ပြီး မီးငြှိမ်းသတ်မှုကြောင့် ညနေ(၀၃း၄၅)နာရီအချိန်တွင် မီးညွန့်ကျိုးသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ချောင်းဦးမြို့၊ အနောက်ရပ်ကွက်နေ ဒေါ်ခင်သင်းဦး(ဘ) ဦးပေါစ အသက်(၄၇)နှစ်မှ နေအိမ်တွင် ထမင်းအိုး တည်ရာမှာ မီးစတင် လောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၅၇)လုံး၊ စပါးကျီ(၈)လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု(၄၅)စုမှ ကျား(၇၂)ဦး၊ မ(၈၈)ဦး ပေါင်း(၁၆၀)ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သွားရောက်ပြီး လိုအပ်သည်မှားကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

မီးဘေးသင့်သူများအတွက် ချောင်းဦးမြို့၊ မဟာအောင်မြေသာဇံ ဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ကာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

MOI Webportal Myanmar