Miss Asia Pacific World အလှမယ်အရွေးခံရသည့် မေမြတ်နိုး (image)

ပို့စ်တင်ချိန် - 6/01/2014 05:58:00 AM


တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပနေသည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည် ပြိုင်ပွဲ၏ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး သွားခဲ့သည်။ ပြိုင်ပွဲ၏အစောပိုင်းတွင်လူကြိုက်အများဆုံးဆုကိုလည်းဆွတ်ခူးထားခဲ့သည့် အသက်၁၈နှစ်အရွယ် မေမြတ်နိုးသည်နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်အိမ်ရှင်ကိုရီးယားအလှမယ်ကိုအနိုင်ယူကာဆုတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာမှအလှမယ်၄၀နီးပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ယင်းပြိုင်ပွဲတွင်ဆန်ကာတင်အလှမယ်ခုနှစ် ဦးကိုဦးစွာရွေးချယ်ခဲ့ပြီးနောက်နောက်ဆုံးအဆင့်ကိုယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သူခုနှစ်ဦးတွင်မေမြတ်နိုးကပထမ၊တောင်ကိုရီးယားမှ Kim Eea ကဒုတိယ၊မကာအိုမှ Hio Man Cha ကတတိယနှင့်ဖိလစ်ပိုင်မှ Hillarie Danielle Parungao စတုတ္ထဆုများအသီးသီးရခဲ့သည်။

ကိုရီးယားနိုင်ငံတွင် ပြု လုပ်လျက်ရှိသော နိုင်ငံတကာအ လှမယ်ပြိုင်ပွဲ‘Miss Asia Pacific World 2014’၏ Talent Show ၌ Popularity ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် မေမြတ်နိုးက ရရှိခဲ့ကြောင်းသတင်းရရှိသည်။

Talent Show တွင်မေမြတ် နိုးသည် ကိုရီးယားသီချင်းသီဆို ယှဉ်ပြိုင်ခဲ့ရာ ကြည့်ရှုသူပရိသတ် များနှင့်အကဲဖြတ်ဒိုင်များနှစ်သက် ခဲ့၍ Popularity Award ကိုရရှိခဲ့ ခြင်းဖြစ်သည်။

‘‘ဆုရတဲ့အတွက် အရမ်းဝမ်း သာဂုဏ်ယူမိပါတယ်။ အဘက် ဘက်ကနေ ကူညီပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်မိပါ တယ်။ သူတို့ကြောင့် ဒီဆုရတာ ပါ’’ဟု မေမြတ်နိုးကပြောသည်။

အဆိုပါပွဲအတွက် ဆုငါးဆု ချီးမြှင့်ခဲ့ရာတွင် မြန်မာနိုင်ငံမှတစ် ဆုဆွတ်ခူးခဲ့ပြီး Best Costume Design ဆုကို ဆလိုဗက်ကီးယား အလှမယ်၊ Korea Wave Starဆု ကို ဘူလ်ဂေးရီးယားအလှမယ်၊ World Starဆုကို အီကွေဒေါအ လှမယ်၊ Best Personal Talent ဆုကို အာမေးနီးယားအလှမယ်တို့ က ရရှိခဲ့ကြသည်။


Miss Asia Pacific World 2014 ပြိုင်ပွဲရလဒ်ဇယားတွင် ထိပ်ဆုံးမှ ဖော်ပြခံရသည့် မြန်မာနိုင်ငံတော်အလံ








7daydaily