လူ့ကျင်ငယ်ရည်မှ တဆင့် လျှပ်စစ်ထုတ်ရန် ကြိုးပမ်းနေ

ပို့စ်တင်ချိန် - 6/29/2014 01:21:00 PM


တစ်ကမ္ဘာလုံးကနေ တစ်နေ့ ကို ကျင်ငယ်ရေ လီတာပေါင်း ၁၀.၅ ဘီလီယံ ထွက်ရှိပါတယ်။ ဒီပမာဏဟာ အိုလံပစ်ရေကူးကန် ပေါင်း ၄၂၀၀ ကို ဖြည့်နိုင်တဲ့ ပမာဏပါ။ ကျွန်တော်တို့ အများစုဟာ ကျင်ငယ်ရေကို စွန့်  ပစ်ပစ္စည်းအနေနဲ့ သာ ခေါင်းစဉ်တပ်ကြမှာဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီကျင်ငယ်ရေတွေကနေ အိမ်တွေ၊ ကားတွေနဲ့ မြို့ တွေအထိပါ လျှပ်စစ်စွမ်းအင်ပေးနိုင်အောင်လို့ ကြံဖန်နေကြပါပြီ။

ကိုရီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တစ်စုဟာ ကျင်ငယ်ရေတွေကနေ ပြန်လည်ထုတ်ယူနိုင်တဲ့ ကာဗွန်အက်တမ်တွေကို အသုံးပြုပြီး ဈေးသက်သာတဲ့ လျှပ်စစ်စွမ်းအင်ရရှိဖို့ အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။

အခုလက်ရှိ fuel cells တွေမှာအသုံးပြုထားတဲ့ ဈေးမြင့်မားတဲ့ ပလက်တီနမ်နေရာမှာ လူသားတို့ ရဲ့ ကျင်ငယ်ရေကနေ သဘာဝအလျောက်ပါဝင်တဲ့ ကာဗွန်ကိုအသုံးပြုဖို့ ရည်မှန်းထားတာပါ။ Fuel Cells တွေဆိုတာ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ကို ဓာတ်ပြုခြင်းဖြင့် ရရှိလာတဲ့ ဓာတုစွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးနိုင်တဲ့ စက်၊နည်းပညာတစ်ခုဖြစ်ပါတယ်။

Fuel cell အတွင်းမှာအသုံးပြုတဲ့ ဓာတ်ကူပစ္စည်းဖြစ်တဲ့ ပလက်တီနမ်သတ္တုဟာ ဈေးနှုန်းကြီးမားပြီး ဒီနည်းပညာတိုးတက်မှုကို ဈေးကွက်အခြေအနေအရ နှောင့်နှေးစေနိုင်တာကြောင့် ကိုရီးယားသိပ္ပံပညာရှင်တွေဟာ ကျင်ငယ်ရေကနေ ရရှိနိုင်တဲ့ ကာဗွန်ကို အစားထိုးနိုင်ဖို့  မျှော်လင့်နေကြပါတယ်။ ကာဗွန်ဟာ ပလက်တီနမ်နဲ့ ဓာတ်သတ္တိတူညီမှုတွေရှိပြီး ဒီအတွက်ကြောင့် fuel cells တွေ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်ဖွယ်ရှိနေပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကျင်ငယ်ရေကနေ ထုတ်ယူမယ့် လျှပ်စစ်စွမ်းအင်နဲ့ ကားတွေ၊အိမ်တွေအထိပါ လျှပ်စစ်စွမ်းအင် ကျယ်ပြန့် စွာပေးနိုင်လိမ့်မယ်လို့ ခန့် မှန်းထားကြပါတယ်။

Ref: Dailymail.co.uk
Trend Myanmar