မြင်သမျှ… ကြားသမျှ - ရယ်စရာ ပိုကောင်းလာပြီ

ပို့စ်တင်ချိန် - 6/29/2014 11:43:00 AM



ရယ်စရာ ပိုကောင်းလာပြီ
အခုကြားနေရတဲ့ သတင်းတွေ ပိုတောင် ရယ်စရာကောင်းလာသလိုပါပဲ။ တလောက ဖြစ်တဲ့ကိစ္စတစ်ခုမှာ လူတစ်ယောက်က သူဘာရာထူး (ကြီးကြီး) နဲ့ပါဆိုပြီး ဝင်ရှင်း တယ်။ အားလုံးသိကြမှာပါ။ အဲဒီမှာ အဲဒီလူကြီးခပ်ကြီးကြီးရထားတဲ့ ရာထူးဟာ မဟုတ်ပါဘူးဆိုပြီး ပြန်ရှင်းတယ်။ ကျွန်တော်တို့လို သာမန်လူသာဆို ရှက်လွန်းလို့ လဲသေ သွားမလားပဲ။ ဘယ့်နှယ်ဗျာ။ ကိုယ်ရထားတာ မဟုတ်တဲ့ရာထူးကြီး ယူထားပြီးခပ်တည်တည်နေတာ။ ပြောရမယ်ဆိုရင် အဲဒါ ဘုရားဒကာကြီးနော်။ ဘယ့်နှယ်ဗျာ။ ဘုရား ဒကာကိုယ်တိုင် ဒီလိုလိမ်ညာပြီး ပြောဆိုနေပြီဆိုတော့ စဉ်းစားသာကြည့်။ ကြာနီကန် ဆရာတော်ကြီး ပြောသလိုပဲ ပြောလိုက်ချင်တယ်။
”ဘုရားထက်ကြီးတဲ့ လူကြီးဘုရားလူကြီး”။ ခေတ်ကိုက အဲဒီလို ဖြစ်နေတာ။
နောက်ဆက်တွဲ စဉ်းစားစရာ
ကဲ .. အဲဒီလိုကိုယ်မဟုတ်တဲ့ရာထူးကို ခပ်တည်တည်ယူပြီးကိစ္စတွေ ဝင်ရှင်းတယ်ဗျာ။ ကဲ ..ဒါဟာ လိမ်လည်မှု မဟုတ်ဘူးလား။ သူနဲ့မှ မဆိုင်တဲ့ ကိစ္စကို။ နောက်ပြီး စဉ်းစားကြည့်။ ဒါဟာနာမည်အလွဲသုံးစားမှုရော ဖြစ်မနေဘူးလား။ တစ်နည်းပြောရရင် အသရေဖျက်မှုပဲဗျ။ နောက်ပြီး ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ခပ်တည် တည် ဝင်ေ ရာက် ဖြေရှင်းတယ်။ ပြီးတော့ ပြည်သူတွေမကျေနပ်တဲ့စကားလုံးတွေပြောပြီး ပြည်သူတွေသွေးဆူအောင် လုပ်တယ်။ ဒါကလည်း နိုင်ငံတော်ကို ဆူပူအုံကြွစေမှု မဟုတ် ဘူးလားခင်ဗျာ။ သူ့စကားတစ်ခွန်းကြောင့် ဆူပူအုံကြွမှု ဖြစ်မလိုဖြစ်နေတာ ဘယ်သူ့မှာတာဝန် ရှိပါသလဲ။ ဒီလောက်တောင် နိုင်ငံတော် လှုပ် လှုပ်ရွရွဖြစ်အောင် လူ တစ်ယောက်ကို နာမည်အလွဲသုံးစားပြုမှု၊ အသရေဖျက်မှု၊ နိုင်ငံတော် ဆူပူအုံကြွစေမှုတို့နဲ့ တရားမစွဲသလဲဆိုတာလဲ သိချင်နေမိပါတယ်။
ဒီနေရာမှာ တခြားသောအဖွဲ့အစည်းက တစ်ယောက်ယောက်များဆို မစဉ်းစားရဲစရာပါပဲ။ ဒါပေမဲ့ပေါ့ဗျာ။ ဘုရားထက်ကြီးတဲ့ လူကြီး ဘုရားလူကြီးကတော့ ခပ်တည် တည် နဲ့ ဘုရားတရား သံဃာကောင်းမှုဖြင့် ကျန်းမာချမ်းသာစွာဖြင့် ရှိနေပါကြောင်းပေါ့ခင်ဗျာ။
နောက်ဆုံးဖြစ်သွားတာက
နောက်ဆုံးရတဲ့ သတင်းကတော့ သာသနာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီးကို ဖမ်းဆီးထိန်းသိမ်းပြီး ငွေသိန်းရာဂဏန်းခန့် အလွဲသုံးစားပြုမှုနဲ့ တရားစွဲထား တယ်ဆို တာ ပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာအထိ အတိအကျနီးပါးမသိရသေးပေမယ့် ဟိုဘက်က ကိစ္စတွေဖြေရှင်းမပြီးသေးဘဲ နောက်တစ်ဖက်ကို လှည့်သွားတာကလည်း အံ့သြ စရာ အလှည့်အပြောင်းပါ ပဲ။ လူတွေအားလုံးအာရုံစိုက်နေတာက ဟိုဘက်ကအမှုပါ။ ဒါပေမဲ့ ဒီဘက်က အမှုကလည်း ခပ်မြန်မြန်ပဲ ဖြစ်လာတယ် ဆိုတော့ အင်မတန်မှကို စဉ်းစားစရာပါပဲ။ လူတွေကို ခပ်မြန်မြန်ပဲ အာရုံလွှဲလိုက်တာလား။ ဒါမှမဟုတ် အာရုံများအောင် ရောချလိုက်တာလား။ ဒါမှမ ဟုတ်ရင် လူတွေ အာရုံစိုက် ခံနေရတဲ့ အဖွဲ့နဲ့ ပြဿနာရှိလို့ လုပ်ချလိုက်တာလားတော့ မသိနိုင်ပါဘူး။ ဒါပေမဲ့တစ်ခုရှိတာက ဒီဘက်နှစ်ပိုင်းတွေမှာ ဒီလောက်ကြီးတဲ့ ရာထူးအဆင့်ကို အရေးယူ တာနည်း ပါးလှ တဲ့အထဲ အပါအဝင်ဖြစ်သွားတဲ့အတွက် မှတ်တမ်းတစ်ခုအနေနဲ့တော့ သမိုင်းဝင်သွားပါပြီ။ ဒါပေမဲ့ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ ငွေကြေးက နည်းနည်းလေးများ နည်းနေ သလားလို့ခင်ဗျာ။ အဲသည်လောက် ငွေကြေးလောက်ဆို အဲဒီအဆင့်ဘယ်သူ့ကိုမဆို တရားစွဲလို့ ရမယ်ထင်ပါတယ်။
ထူးခြားတဲ့သတင်းပါပဲ
ဒီတစ်ပတ်ကတော့ ဘယ်လိုဖြစ်တယ်တော့ မသိပါဘူးခင်ဗျာ။ ထူးခြားတဲ့ သတင်းတွေချည်း ကြားနေရတယ်ဆိုလည်း မမှားပါဘူး။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ရာထူး က နုတ်ထွက်လိုက်ပြန်ပါပြီ။ ဒါဟာလည်း ခုနက စကားနဲ့ ပြောရရင် ဒီဘက်နှစ်ပိုင်း နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်မှာ အဖြစ်အနည်းဆုံး ကိစ္စပါပဲ။ ပြည် သူတွေအပေါ် ဘယ်လောက်ရိုင်းရိုင်း၊ တရားဥပဒေမဲ့ အာဏာပြပြီး ဘာလုပ်လုပ် ပြည်သူတွေဘယ်လောက် အပြစ်ပြောပြော နုတ်ထွက်ကြရိုး ထုံးစံအင်မတန်မှကို ရှားပါးခဲ့ပါတယ်။ အခုလည်း ရှုပ်ထွေးလွန်းလှတဲ့ လူမှုရေး ပဋိပက္ခတွေ မပြီးစီးနိုင်သေးတဲ့ ရခိုင်ဒေသကတော့ ဖြေရှင်းလို့ မလွယ်ကူနိုင်တာကြောင့် နုတ်ထွက်သွားတာ လည်း ဖြစ်နို င်ပါ တယ်။
ဒါပေမဲ့ တစ်ခု ထူးဆန်းတာကတော့ ပြည်သူပြည်သားတွေကို အနှိပ်ကွပ်ဆုံး ပြည်သူတွေအပေါ်လှည့်ပတ်ပြီး ရိုင်းစိုင်းစွာဆဲဆိုနေသူတွေ၊ အဂတိ အလိုက်စားဆုံးလို့ နာ မည်ကြီးသူတွေကတော့ တရားလည်း အစွဲမခံရ၊ နုတ်ထွက်ခြင်းလည်း မပြုကြတာ၊ တာဝန်ကရပ်စဲခြင်းခံရတာမျိုး မရှိသေးတာတော့ အံ့အားသင့် စရာ မြင်ေ တွ့နေ ရ တုန်းပါပဲ။ ဆိုလိုတာက ပြည်သူတွေ မကြိုက်ဆုံးသူတွေကတော့ ခပ်တည်တည်ရှိနေသေးတာကလည်း လူတိုင်းအတွက် အနှောင့်အယှက် ဖြစ်စရာပါပဲ။
ဒီနှစ်ရဲ့ ထူးခြားချက်
ခါတိုင်းနှစ်တွေဆိုရင် နွေပူပူအချိန်မှာ လျှပ်စစ်မီးက မကြာမကြာပျက်တတ်ပေမယ့် မိုးတွင်းမှာဆိုရင်တော့ ထင်မှတ်မထားရလောက်အောင် လျှပ်စစ်မီး ရတတ်ပါတယ်။ ဒီနှ စ်ကတော့ မိုးဦးကျမှာတင် လျှပ်စစ်မီးကထင်တာထက်ပိုပြီး ပျက်လို့နေတာပါပဲ။ ဒီကြားထဲ ရေမြောင်းတွေကလည်း အသေအချာ မပြုပြင်၊ ပြု ပြင်မပြီးသေး တာေ ကြာင့် မြောင်းရေ၊ ရေဆိုးများ ခိုပြီးခြင်တွေ ပေါက်ဖွားမှု နှုန်းထားပိုများနေတာလည်း အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်။ အဲဒီရေမြောင်း၊ ရေ ဆိုးများမှာ ပေါက် ဖွားတဲ့ ခြင် များဟာလျှပ်စစ်မီးပျက်ပြီး မှောင်မဲမဲဖြစ်နေတဲ့ အိမ်တွေမှာပဲ ခိုပြီးပျော်ပျော် ကြီး နေပါတော့တယ်။ ဒါကြောင့်လည်း အဲဒီခြင်တွေ ကြောင့် သွေးလွန် တုပ်ကွေးေ ရာဂါဖြစ်သူတွေကလည်း ခါတိုင်းနှစ်ထက် ပိုများတာကို သတိထားမိပါတယ်။ ခံနိုင်ရည်ရှိတဲ့ လူကြီးတွေက သိပ်ပြဿနာ မရှိပေမယ့် ကလေးတွေနဲ့ သက်ကြီး ရွယ်အို များ ဟာ ဒီဝေဒနာကို ပိုခံရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်မီးပျက်တာဟာ စီးပွားရေးသာမက ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပြီမို့ ဆင်ခြင်ကြပါလို့ပဲ ပြော ချင်ပါတယ်။
ထပ်ပြောရပြန်ပြီ
ရေမြောင်းတွေဖျက်ပြီး မပြင်တာ နှစ်လရှိပြီဖြစ်ပါကြောင်း၊ မိုးတွင်းကာလမှာ လွန်ရော ကျွံရောမှ လေးလသာ ရှိပါကြောင်း။
ပြန်ဆုံပါဦးမည်။
အကြည်တော်

Popular Myanmar