အိမ်မှုကိစ္စတွေ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပြီ

ပို့စ်တင်ချိန် - 6/29/2014 11:44:00 AM


ခေတ်အခြေအနေအရ မြို့ပြမှာနေထိုင်သူတွေဟာ လူတိုင်းစေ့ အပြင်ထွက်ပြီး အလုပ်လုပ်ရတာကြောင့် အိမ်တွင်းမှုအတွက် လစ်ဟာမှုတွေ များလာကြပါတယ်။ ဒီလို လစ်ဟာသွားတဲ့ အိမ်မှုကိစ္စတွေကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း ပေါ်လာပါပြီ။

အိမ်မှုကိစ္စဝန်ဆောင်မှုလုပ်ငန်းသစ်ဟာ ပြောင်းလဲလာနေတဲ့ ရန်ကုန်မြို့ပြရဲ့ လူနေမှုဘဝ ပုံစံသစ်လည်းဖြစ်ပါတယ်။ အိမ်ဖော်ဈေးကွက်ကလည်း ပွဲစားတွေကြောင့် မှေးမှိန်လာချိန်မှာ ဝန်ဆောင်မှုလုပ်ငန်းကို စတင်ခဲ့တဲ့ ကိုချစ်ဦးမောင်က အိမ်ဖော်-အိမ်ရှင် ဆက်ဆံရေးဟာ အရင်လိုမဟုတ်တော့ဘဲ လုပ်ငန်းခွင်ဆက်ဆံမှုပုံစံအသစ် ဖန်တီးလိုက်နိုင်ပြီလို့ ပြောလာပါတယ်။

အိမ်မှုကိစ္စ ဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်ငန်းခွင်မှာယွင်းမှုနဲ့ လုံခြုံရေးအတွက်ပါ ကုမ္ပဏီက တာဝန်ယူထားတာကြောင့် စင်ဒရဲလား အိမ်မှုကိစ္စ ဝန်ဆောင်မှုဟာ အိမ်သန့်ရှင်းရေး၊ အလျှော်အဖွတ်နဲ့ မီးဖိုချောင်လုပ်ငန်းတွေ ပါဝင်ပြီး အချိန်ပိုင်း၊ နေ့စဉ်နဲ့ အပတ်စဉ်ဆိုပြီး ဝန်ဆောင်မှုကို ပေးနေပါပြီ။

လက်ရှိ မြန်မာပြည်မှာ အိမ်ဖော်နဲ့အိမ်ရှင်ဟာ ကျွန်နဲ့သခင်ဆက်ဆံရေးဖြစ်နေတယ်လို့ ထင်မြင်နေပြီး အခုလို အိမ်မှုကိစ္စဝန်ဆောင်မှုမှာ နည်းစနစ်ကျကျ ဝန်ထမ်းအဖြစ် လုပ်ကိုင်ရတယ်လို့ ဦးအောင်ကျော်မြင့်က ဆိုပါလာပါတယ်။

စင်ဒရဲလား အိမ်မှုကိစ္စဝန်ဆောင်ရေး ကုမ္ပဏီရဲ့ တစ်နာရီဝန်ဆောင်ခ ၂ထောင်၊ ပိတ်ရက်တွေမှာတော့ ၂၅ဝဝဖြစ်ပြီး တစ်ပတ် ၆နာရီစာအတွက် တစ်လကို ကျပ် ၄သောင်း၆ထောင်၊ တစ်နေ့လုံး ၈နာရီအတွက်ဆိုရင် တစ်လ တစ်သိန်းသုံးထောင်တစ်ထောင်ဆိုပြီး ဈေးနှုန်းတွေ သတ်မှတ်ထားပါတယ်။

အိမ်ဖော်ထက်စာရင် ဒီလို အိမ်မှုကိစ္စဝန်ဆောင်ရေးဝန်ထမ်းဘဝက ပိုပြီးအာမခံချက်ရှိသလို ဘယ်ဝန်ထမ်းနဲ့ပဲ အိမ်မှုကိစ္စကိုလုပ်ကိုင်စေချင်တယ်ဆိုလို့ရှိရင် ကုမ္ပဏီနဲ့ ညှိနှိုင်းနိုင်တယ်လို့ နော်အေးထွေးက ပြောပြပါတယ်။

Kamaryut Media