မလေးရှားနိုင်ငံ ပီနန်ရဲစခန်းအနီး မြန်မာတစ်ဦး အသတ်ခံရ

ပို့စ်တင်ချိန် - 6/29/2014 11:23:00 AM


 ဇွန်လ ၃၀ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လာရန် စီစဉ်ထားသော မွန်တိုင်းရင်းသားတစ်ဦးမလေးရှားနိုင်ငံ ပီနန်မြို့ ရဲစခန်းအနီးတွင် ဇွန်လ ၂၆ ရက်က  သတ်ဖြတ်ခံခဲ့ရကြောင်း  သတင်းရရှိသည်။

မလေးရှားနိုင်ငံ ပီနန်မြို့ ပန်းထိမ်ဆိုင်တစ်ဆိုင်တွင် အလုပ် လုပ်နေသော ကိုတင်ထွန်းမြတ် ဆိုသူမှာ ဆိုင်ကယ်စီးလာစဉ် ပီနန်မြို့ရဲစခန်းအနီးအရောက်၌ ပစ္စည်းလုခံရပြီးနောက် လည်ပင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း မလေးရှားနိုင်ငံပီနန်နာ ရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဗိုလ် မြက ပြောသည်။

‘‘သူက ရွှေပန်းထိမ်လုပ်တော့ လမ်းမှာပစ္စည်းလုခံရတာလို့ပြောတယ်။ လည်ပင်းမှာရော၊ ရင်ဘတ်မှာပါ ဓားထိုးခံရတာ။ သူကလာမယ့် တနင်္လာနေ့မှာ မြန်မာနိုင်ငံကိုပြန်ဖို့ လက်မှတ်ဖြတ်ထားတဲ့သူပါ’’ဟု ကိုဗိုလ်မြက ပြောသည်။

သေဆုံးသူ၏ ဇနီးသည် မော်လမြိုင်မြို့တွင် နေထိုင်ပြီး ကိုယ်ဝန်ငါးလရှိကြောင်း ကိုဗိုလ်မြက ပြောသည်။

‘‘ရဲစခန်းကိုလည်း ရောက်ပြီး ပါပြီ။ တရားခံကိုစုံစမ်းတုန်းပဲလို့ ပြောတယ်။ သတ်သွားတာ ဘယ် သူတွေဆိုတာစုံစမ်းလို့မရသေးပါ ဘူး။ မလေးရှားမှာ မြန်မာတွေ အသတ်ခံရတဲ့အမှုဆို ဘယ်အမှုမှ မိတယ်ဆိုတာ မရှိပါဘူး’’ဟု ကို ဗိုလ်မြကပြောသည်။

By ငြိမ်းချမ်း
7DAY DAILY