ချီလီနှင့် ရင်ဆိုင်မည့်ပွဲစဉ်အတွက် ဘရာဇီးကစားသမားတွေ ကြောက်စိတ်ဝင်ဟု နည်းပြပြော

ပို့စ်တင်ချိန် - 6/29/2014 12:58:00 PM

ဘရာဇီး နည်းပြ စကိုလာရီ

ချီလီနဲ့ ရင်ဆိုင်မယ့် ပွဲစဉ်အတွက် ကစားသမားတွေဟာ ကြောက်စိတ်တွေ ၀င်လာနေတယ်လို့ ဘရာဇီး နည်းပြ စကိုလာရီက ပြောပါတယ်။

အိမ်ရှင် ဘရာဇီးအသင်းဟာ ရှုံး ထွက်အဆင့်မှာ တောင်အမေရိကပြိုင်ဖက် ချီလီနဲ့ ရင်ဆိုင်ရမှာပါ။ ရှုံးထွက်အဆင့် ရောက်လာရင် ကြောက်စိတ်တွေ ၀င်လာတာဟာ ပုံမှန်ပါပဲ။ အထူးသဖြင့် ရှုံးထွက်အဆင့်မှာ ရှုံးမှာကို စိုးရိမ်တယ်လို့ ဘရာဇီးနည်းပြ စကိုလာရီက ပြောပါတယ်။
ဘရာဇီးအသင်းဟာ အုပ်စုတွင်းမှာ ၂ ပွဲနိုင် တပွဲ သရေကျထားပါတယ်။ ချီလီအသင်းကလည်း အုပ်စုတွင်း စပိန်နဲ့ သြစတြေးလျကို အနိုင်ယူထားပါတယ်။

ဘရာဇီးနဲ့ ချီလီတို့ နောက်ဆုံး ကစားတဲ့ ၁၂ ပွဲမှာ ဘရာဇီးက ၁၀ပွဲနိုင်ပြီး ၂ ပွဲ သရေကျထား ပါတယ်။ ကမ္ဘာ့ဖလားမှာ ၃ ကြိမ် ဆုံဖူးထားပြီး ၃ ကြိမ်စလုံး ဘရာဇီးက အနိုင်ရထားပါတယ်။

DVB Burmese