ရခိုင်ဘုရင့်နိုင်ငံ အချုပ်အချာအာဏာ ကျဆုံးနေ့ မင်းပြားမြို့တွင် တရားဝင် ကျင်းပခွင့်ရ

ပို့စ်တင်ချိန် - 1/02/2014 02:00:00 PM

ယခုပုံမှာ မောင်တောတွင် လူပ်ရှားခဲ့ကြသည့် ပုံဖြစ်ပါသည်။ 

(နိရဉ္စရာ- ၁ ဇန်န်ဝါရီ ၂၀၁၃) / မောင်အေး

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ၂၂၉ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာအာဏာ ကျဆုံးနေ့ အခမ်းအနားကို မင်းပြားမြို့တွင် အာဏာပိုင်များ ခွင်ပြုချက်ဖြင့် တရားဝင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါးအခမ်းအနားကို မင်းပြားမြို့နယ် ဓမ္မာရုံတွင် ရက္ခအလင်းတန်းအဖွဲ့ဗဟိုမှ ဦးဆောင်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်က စတင်ကျင်းပခဲ့ရာ လူပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာကျဆုံးနေ့ အခမ်းအနားလုပ်ရသည့် ရွယ်ချက်ကို ဦးဆောင် ကျင်းပသည့် ရက္ခအလင်းတန်းအဖွဲ့မှ ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ပြောသည်။

“ အခုဆိုရင် ရခိုင့်အချုပ်အချာ အာဏာကျဆုံးသွားတာ ၂၂၉ နှစ်မြောက်ဖြစ်သွားပါပြီ။ ဒီနေ့ကို မင်းပြားမြို့မှာ အရင်က လုပ်ဖို့ရတဲ့အချိန်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ဘူး။ လုပ်ခွင့်မရတဲ့အချိန်မှာလည်း မလုပ်နိုင်ခဲ့ကြဘူး။ ဒါကြောင့် အခု အသက် ၂၅ နှစ်အောက်လူငယ်တွေဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရခိုင်အ ချုပ်အချာအာဏာ ကျဆုံးတာကိုဘယ်သူမှ မသိတော့ဘူး။ ဒါကြောင့် နောက်ကျန်နေခဲ့ကြမဲ့ လူငယ်တွေ ဒီဇင် ဘာလ ၃၁ ရက်နေ့မှာ ရခိုင်အချုပ်အချာ ကျဆုံးတယ် ဆိုတာကိုသိအောင် လုပ်တာဖြစ်ပါတယ်” ဟု ယင်းကဆိုသည်။

ယခင်စစ်အစိုးရအပါအ၀င် အုပ်ချုပ်သူအစိုးရ အဆက်ဆက်မှ ရခိုင်အချုပ်အချာကျဆုံးနေ့အပါအ၀င် (၁၃) သြဂတ်စ်နေ့၊ ဆရာတော် ဦးဥတ္တမနေ့များ ကျင်းပခွင့်ကို တင်းကျပ်စွာ ပိတ်ထားခဲ့သော် ဦးသိန်းစိန် ဦးဆောင် သည့် အစိုးရလက်ထက်တွင် ဆရာတော် ဦးဥတ္တနေ့အပါအ၀င် ရခိုင်အမျိုးသားများနှင့် သက်ဆိုင်သည့် နေ့များ ကို တရားဝင်ကျင်းပခွင့် ပြုလာသည်။

အခမ်းအနားကို နံနက် ၆ နာရီတွင် သံဃာတော် ၉ ပါးကို ဆွမ်းကပ်လှူပြီး ကျဆုံးလေပြီးသော ရခိုင်အမျိုးသား များအတွက် အမျှပေးဝေကာ နံနက် ၁၁ နာရီတွင် ရခိုင်အမျိုးသားဝတ်စုံများကို ဆင်တူဝတ်ဆင်ပြီး မြို့တပတ် လှည့်လည်ပြီး နေ့လည်ပိုင်းတွင် မင်းပြားမြို့နယ် ဓမ္မာရုံတွင် ဟောပြောပွဲများ ပြုလုပ်ကြနေကြသည်။

နေ့လည်ပိုင်း ဟောပြောပွဲအခမ်းအနား ကျင်းပပုံကိုလည်း အဆိုပါ အမျိုးသမီးက ယခုကဲ့သို့ပြောသည်။

“ ၁၂ နာရီခွဲခန့်မှာ အားလုံးဓမ္မာရုံမှာပြန်စုပြီး ဟောပြောပွဲလုပ်ပါတယ်။ အခမ်းအနားကိုတော့ ရခိုင်စည်တီးပြီး ဖွင့်ပါတယ်။ ပြီးတော့အဖွင့်မေးခွန်းအဖြစ် ဆရာတော်တပါးကပြောပါတယ်။ အဲဒီနောက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမောင်မြင့်နဲ့ ရတပပါတီက တာဝန်ရှိသူတစ်ဦးလည်း ဟောပြောကြ ပါတယ်။”

ယင်းနောက်ပိုင်းတွင် ပြည်တွင်းပြည်ပမှ ပေးပို့သည့် သ၀ဏ်လွှာများကိုလည်း ဖတ်ကြားကြပြီး ညနေ ၄ နာရီတွင် ရာမောင်မြစ်ထဲ ငါးရှင်လွတ်ပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ မြို့မိမြို့ဘများ၊ ကျောင်းသားလူငယ်များ၊ မြို့ခံများနှင့် အဖွဲ့အစည်းပေါင်း ၃၇ ဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Burmesenews narinjara