ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်နှင့် မေးမြန်းခန်း

ပို့စ်တင်ချိန် - 1/02/2014 12:50:00 PM


လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ ဆီကို ဌာန၊ အသင်းအဖွဲ့၊ ပါတီအသီးသီးနဲ့ လူပုဂ္ဂိုလ်တွေဆီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ချက်နဲ့ အကြံပြုချက်တွေ ပေးပို့ခဲ့ရာမှာ ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အကြံပြုချက်ပေါင်း ၃ သိန်း ၂ သောင်းကျော် လက်ခံရရှိထားတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းက်ာမတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အကြံပြုစာတွေထဲမှာ နိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ စစ်တပ်က ပါဝင်ရမယ်ဆိုတာ အပါအ၀င် အခြေခံမူ တွေကို ပြဌာန်းထားတဲ့ အခန်း (၁) အတွက် အကြံပြုချက်ပေါင်း (၁ သိန်း ၄ သောင်းကျော်)နဲ့ ပြင်ဆင်ဖို့ အများဆုံး အကြံပြုထားပါတယ်။ ဒီအကြံပြုချက်တွေကို တကယ်ပြင်ဆင်မယ်ဆိုရင် ဖြစ်လာနိုင်သလား ဘာတွေ အခက်အခဲတွေ ရှိလာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းက်ာမတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်ကို မေးမြန်းထားပါတယ်။

အသံဖိုင် နားဆင်ရန်
 

DVB Burmese