သီပေါအကျဉ်းထောင်မှ ကချင်လက်နက်ကိုင် ၃ ဦးလွတ်မြောက်

ပို့စ်တင်ချိန် - 1/02/2014 07:00:00 AM

သီပေါ၊ ဇန်နဝါရီ ၁။

သီပေါအကျဉ်းထောင်မှKIAတပ်သားအဖြစ် ဖမ်းဆီးခံခဲ့ရသူ အကျဉ်းသား ၃ဦး လွတ်မြောက်လာကြသည်။

အဆိုပါအကျဉ်းသား ၃ ဦးမှာ ၂၀၁၂ခုနှစ်အတွင်း တပ်မတော်မှ ဖမ်းဆီးရမိခဲ့သော KIA တပ်မဟာ (၁၂) တွင်
တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ပြီး ၁၇/၁ ဖြင့် အကျဉ်းကျ ခဲ့သူများ ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အကျဉ်းသား ၃ ဦးမှာဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်အချိန်တွင် လွတ်မြောက်လာခြင်ဖြစ်သည်။

” သူတို့ကိုသီပေါအကျဉ်းထောင် ခေတ္တဦးစီးမှူး ဦးတင့်လွင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကဆုံးမစကားပြောပြီးတော့ ၁ နာရီ ၄၅ မိနစ်မှာ ပြန်လွတ်ပေးလိုက်တာပါ၊ နေရပ်ဒေသကို ပြန်ဖို့အတွက်လည်းဝိုင်းဝန်း ပြီးတော့ လမ်းစရိတ် စီစဉ်ပေးလိုက်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းအကျဉ်းသား ၃ ဦးမှာမန်စီမြို့နယ် နမ့်လင်းပါးကျေးရွာမှ ကိုလနူး၊ ဟိုပင်မြို့ ငါးမိုင်ရွာကျားကြီးတွင်းအုပ်စုမှ အိုက်ထွန်း(ခ) ဖိုးဖြူး၊ ထီးချိုင့်မြို့နယ် အင်ဒေါင်းကျေးရွာမှ မင်းနိုင်(ခ) မာနော်တို့
ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကျဉ်းသား၃ဦးမှာအစိုးရ၏ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှု အစီအစဉ်အရ
ပြန်လည်လွတ်မြောက်လာခဲ့ကြကြောင်း သိရှိရသည်။

စိုင်းကံသာ (လားရှိုး)

The Myanma Age