မြောက်ကိုရီးယားခေါင်းဆောင် တောင်ကိုးရီးယားနဲ့ ဆက်ဆံရေး တိုးမြှင့်ရန် တောင်းဆို

ပို့စ်တင်ချိန် - 1/02/2014 12:54:00 PM


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ဇန်န၀ါရီ ၁ ရက်နေ့ နှစ်သစ်မိန့်ခွန်းအတွင်း တောင်းဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ နှစ်သစ်မိန့်ခွန်းအတွင်း ကိုရီးယား ၂ နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ပန်းတိုင်အတွက် တိုင်တည်ဆုတောင်းပါတယ်။
ဒါပေမယ့် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ရန်လိုတဲ့ အပြုအမူတွေ လုပ်လာရင် ကပ်ဆိုက်သွားမယ်လို့လဲ သတိပေးပါတယ်။

သူရဲ့ လက်ရှိ အာဏာရပါတီဟာလဲ ခိုင်မြဲတဲ့လုပ်ဆောင်ချက်တွေ လုပ်နေတယ် ပါတီရဲ့ ဂိုဏ်းကွဲနဲ့ အုပ်စုကွဲတွေကို ဖယ်ထုတ်အပြီး အဆပေါင်းများစွာ ပိုအားကောင်း၊ ပိုပြီး ကျစ်လစ် ခိုင်မာလာတယ်လို့လဲ ပြောပါတယ်။ အရင်အပတ်တွေက သူရဲ့ နိုင်ငံရေးသြဇာကြီးတဲ့ ဦးလေးကို သေဒဏ်ပေးမှုနဲ့ ပတ်သက်ပြီး နာမည်ကို ရည်ညွှန်းတာတော့ မလုပ်ခဲ့ပါဘူး။
DVB Burmese