ရွှေပြည်သာမြို့နယ်တွင် လူသတ်မှုဖြစ်

ပို့စ်တင်ချိန် - 1/02/2014 12:00:00 PM



ရန်ကုန်၊ ဇန်န၀ါရီ ၂

၁.၁.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊
လှော်ကား၊(ဒ/၁၇) ရပ်ကွက်နေ မနုနုဝင်းသည်နေအိမ်၌ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကိုမင်းမင်းဦး (ဘ)ဦးကြည်ဝင်းမှာ စေတနာလမ်း ထိပ်ရှိ မဲကြီး(ခ)မြင့်ဌေး (ဘ)ဦးတင်ငြိမ်း၏စားသောက်ဆိုင်ရှေ့တွင် ရန်ဖြစ်နေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူအား ၀ဲနားထင်၊ ၀ဲမျက်ခမ်း၊ ယာတံတောင်တို့၌ ဖူးရောင်ညိုမဲပွန်းပဲ့ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပြီး မဲကြီး(ခ)မြင့်ဌေးနှင့် စကားများ ရန်ဖြစ်စဉ် မဲကြီး(ခ)မြင့်ဌေး မှ လက်သီးဖြင့်ထိုးကြိတ်ခဲ့၍ ဒဏ်ရာများရရှိခဲ့ကြောင်း ပြောပြသိရှိရသဖြင့် တစ်ရပ်ကွက်တည်းနေ ခင်ပွန်းဖြစ်သူ၏မိခင် ဒေါ်စန်းစန်းအေး၏နေအိမ်သို့ ပို့ဆောင်ထားရှိခဲ့ပါသည်။

၎င်းနောက် ခင်ပွန်းဖြစ်သူသည် မဲကြီး၏စားသောက်ဆိုင်သို့ ထပ်မံသွားရောက်၍ အရက်သောက်ရာ မူးနေသဖြင့် သိန်းစိုးပါ(၃)ဦးမှ
ဒေါ်စန်းစန်းအေး၏နေအိမ်သို့ပြန်ပို့ပေးပြီးအိပ်စေခဲ့ရာမှ ၁၉၀၀အချိန်တွင် ခင်ပွန်းဖြစ်သူ ကိုမင်းမင်းဦးမှာသေဆုံးသွား၍ ဒဏ်ရာများရရှိ
သေဆုံးအောင်ပြုလုပ်သူ မဲကြီး(ခ)မြင့်ဌေးအား အရေးယူပေးရန်
တိုင်တန်းခဲ့သဖြင့် လှော်ကားနယ်မြေ ရဲစခန်း(ပ)၂/၂၀၁၃၊
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police