တပ်မတော်ပိုင်ယာဉ်နှင့် ကျောင်းသားဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိ

ပို့စ်တင်ချိန် - 1/02/2014 03:18:00 PM


ဇန်န၀ါရီလ ၂ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၃ ခုနှစ်

မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင် အရှိန်လွန်၍ လမ်းပြောင်းပြန် မောင်းနှင်လာသော တပ်မ တော်ပိုင် မော်တော်ယာဉ်တစ်စီးက တက္ကသိုလ်ကျောင်းသားသုံးဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို ၀င်တိုက်မှု ဒီဇင်ဘာ ၃၁ ရက်ညက ဖြစ်ပွားခဲ့ရာ ကျောင်းသားတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ တပ်သားကျော်စွာဦး ထပရ ၃၂၃၊ မင်္ဂလာဒုံမြို့နယ်နေသူ မောင်း နှင်လာသည့် ကြယ် ၇၇၉၅ (ဗ) တပ်မတော်ပိုင် တီအီးယာဉ်က ရှေ့ယာဉ်အား ကျော်တက်စဉ် တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားပြီး ပြည်လမ်းမိုင်တိုင် ၃၈/၁ အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်မောင်းနှင်လာသည့် မှော်ဘီ GTU၊ B-Tech ပထမနှစ် ကျောင်းသားဖြစ်သူ မျိုးဇော်ထွန်း(၂၁)နှစ်မှာ နဖူးဝဲဘက်ခြမ်းကွဲအက်ပေါက်ပြဲဒဏ်ရာဖြင့် အခင်းဖြစ်နေ ရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့ပြင် အတန်းတူဖြစ်သူ မင်းကိုလွင် (၂၀)နှစ်နှင့် အနောက်ပိုင်းတက္ကသိုလ်၊ ဓာတုဗေဒ၊ ပထမနှစ် ကျောင်းသား မောင်ဇော်မျိုးဝေ (၂၁)နှစ်တို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် အင်းစိန် ဆေးရုံတွင် ကုသနေရသည်။

ယင်းဖြစ်စဉ်တွင် တပ်မတော်မှ ယာဉ်မောင်းဖြစ်သူကို မှော်ဘီရဲစခန်းက ယာဉ် (ပ)၈၂/၂၀၁၄ဖြင့် အမှု ဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၄ က/၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အရေးယူရန် မင်္ဂလာဒုံမှ ကပ ၄၄၂၇၁၅ ဒု-အရာခံ ဗိုလ်ဝင်းမောင်၊ တပ်ခွဲ(၁)၊ တပ် ခွဲ အရာခံဗိုလ်ထံ လွဲပြောင်းအပ်နှံထားသည်ဟု တိုင်းရဲတပ်ဖွဲ့က မှုခင်း သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
Mizzima Burmese