ယာဉ်တိုက်မှုအား တရားခံလူစားထိုးသည့် မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်

ပို့စ်တင်ချိန် - 1/02/2014 11:33:00 AM


၁.၁.၂၀၁၃ ရက်နေ့ နံနက် ၁၂ နာရီခွဲ အချိန်ခန့်တွင် မန္တလေးတိုင်း ဒေသကြီး မလှိုင်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင် မောင်းနှင်လာသော ကားနှင့် လူနှစ်ဦး (မောင်ဇာနည်ထွန်းဦး+မောင်မောင်စိုး)ဆီးနင်းလာသော ဆိုင်ကယ် တိုက်မိပြီး မလှိုင်မြို့ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရပါသည်။

၎င်းဖြစ်စဉ်တွင် ရဲဒုတပ်ကြပ် မောင်ရဲသီဟမှာ မျက်မြင်သက်သေ အဖြစ်ရှိနေ ပါသည်။ ရဲတစ်ဦးမှ ယာဉ်တိုက်မှုအား ရဲစခန်းသို့သတင်းပို့ရန် ဖုန်းဆက်နေစဉ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖုန်းအားဆွဲ၍လွှင့်ပစ်ပြီး မည်သည့်ရဲကိုမျှ မကြောက်ကြောင်း ပတ်ဝန်းကျင်ရှိရဲအား ပြောကြား ပါသည်။

၎င်းဖြစ်စဉ်အား ရဲစခန်းသို့သွားရောက်တိုင်ကြားရာ ရဲစခန်းမှ အမှုဖွင့်ခွင့် မပေးကြောင်း၊ တိုင်းရဲမင်းကြီးအား အကြောင်းကြားမှသာလျှင် ၄င်းအမှုအား ဖွင့်ခွင့်ပေးကြောင်း ကြားသိရပါသည်။

 မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်မှာ ကားအား မိမိကိုယ်တိုင်မောင်းနှင်ပါသော်လည်း တရားခံအဖြစ် မ.ယ.ကရုံးစာရေးဖြစ်သူ မောင်နေမျိုးအောင် အား အစားထိုးခဲ့ပါသည်။

ဆေးရုံတွင်တက်ရောက်၍ ဆေးကုသခံနေရသူတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်မှ ကိုယ်တိုင်လာရောက်မေးမြန်းခြင်းမပြုဘဲ လူသားချင်းမစာနာ ငွေပေးလျှင်ရသည်ဟူသောသဘောဖြင့် မြို့အထောက်အကူပြု ကော်မတီမှ ဦးမောင်မောင် (မော်တော်ယာဉ်ဥက္ကဌ)၊ လက်ထောက်ပညာရေးမှူး ဦးစောလွင်၊ ဦးမျိုးဝင်း (ရပ်ကွက်ကြီး-၄ အုပ်ချုပ်ရေးမှူး)၊ ဦးညွန့်မောင် (ရပ်ကွက်ကြီး-၃ အုပ်ချုပ်ရေးမှူး)၊ ဦးမောင်ဖုန်း (ရပ်ကွက်ကြီး-၁ အုပ်ချုပ်ရေးမှူး)၊ ဦးသိန်းဇော် (ရပ်ကွက်ကြီး-၂ အုပ်ချုပ်ရေးမှူး) တို့အား တဆင့်စေလွှတ်ကာ ငွေ(၁၀)သိန်းနှင့် ဆိုင်ကယ်အသစ်တစ်စီးဝယ်ပေးမည် ဟု သွားရောက်ညှိနှိုင်းခဲ့ပါသည်။

သမာဓိ (မလှိုင်) 1.1.2014
thithtoolwin