ဖခင်မှ ၁၁ လအရွယ် သားငယ်ကို ရိုက်သတ်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 12/27/2013 07:15:00 AM



ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဒီဇင်ဘာ ၂၁ ရက်က ဖခင်ဖြစ်သူက သားငယ်အား ရိုက်သတ်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေ ၆ နာရီခွဲက မိုးညှင်းမြို့ မရမ်းကုန်းကျေးရွာနေ စိုင်းသိန်းစိုး(ခ)အိုက်စိုးသည် မူးယစ်စိတ်ဖောက်ပြန်ကာ သားဖြစ်သူ မောင်ထွန်းမြင့်အောင် (၁၁ လ) အား ဆိုင်ကယ်ဖြင့် တင်ဆောင်၍ ထွက်ခွာသွားရာ

ဇနီးဖြစ်သူ မလဲ့လဲ့ဝင်းက စိတ်မချသဖြင့် ဦးလေးတော်စပ်သူ ဦးထွန်းရီနှင့်အတူ လိုက်ရှာရာ သာယာကုန်းကျေးရွာ သင်္ချိုင်းအနီးတွင်
တွေ့ရှိပြီး နေအိမ်သို့ လိုက်ပါရန် ခေါ်ဆောင်သော်လည်း ငြင်းဆို၍ သားဖြစ်သူအား ခြေထောက်နှစ်ချောင်း စုံကိုင်၍ ဆိုင်ကယ်နှင့်ရိုက်
လိုက်ရာ မောင်ထွန်းမြင့်အောင်သည် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်ကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ စိုင်းသိန်းစိုး(ခ)အိုက်စိုး (၂၆ နှစ်) ကို မိုးညှင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

thithtoolwin